Sunday, May 12, 2013

သီလ၊ သမာဓိ၊ ပညာ၊ အစစ်ကျတော့ တစ်သိန်းမှာ တစ်ယောက်

လောကမှာ တစ်သိန်းရှိတယ် ဆိုကြပါစို့ ။ ။
လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံဆိုရင် ( ၆၆,၆၆၆) ယောက်ရှိပါတယ်။ အဲဒီ( ၆၆,၆၆၆ )
ယောက်က ရုပ်ရည်အဆင်း သပ္ဖာယ်တာကို ကြည်ညိုကြပါတယ်။ ။
လူတစ်သိန်းမှာ ငါးပုံလေးပုံဆိုရင် လူ( ၈၀,၀၀၀ ) ရှိပါတယ်၊ အဲဒီ လူ(၈၀,၀၀၀) က
အသံကောင်းတာနဲ့  နာမည်ကြီးတာကို ကြည်ညိုကြပါတယ်။ ။

လူတစ်သိန်းမှာ ဆယ်ပုံပုံ ကိုးပုံဆိုရင်( ၉၀,၀၀၀ ) ရှိပါတယ်။ လူကိုးသောင်းကတော့
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါး စားဝတ်နေရေးကို ခေါင်းပါးစွာ ကျင့်တာ
ကို ကြည်ညိုကြပါမယ်။ များသောအားဖြင့်ကတော့ ခေါင်းခေါင်းပါးပါး ကျင့်တာကို ကြည်
ညိုကြပါတယ်။ အစားအသောက် အနေအထိုင် ခြိုးခြံချွေတာ ဆင်းရဲခံတာကို ပိုမိုစိတ်ဝင်
စားပြီး ကြည်ညိုကြပါတယ်။ ။
သီလ၊ သမာဓိ၊ ပညာ တည်းဟူသော တရားအစစ်ကျတော့ တစ်သိန်းမှာတစ်ယောက်
သာကြည်ညိုတာပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့  သီလ၊ သမာဓိ၊ ပညာ အစစ်ကျတော့
တစ်သိန်းမှာတစ်ယောက်ပဲ ကြည်ညိုကြပါတယ်။ အဲဒီ တရားအစစ်ကျတော့ လူတိုင်းမကြည်
ညိုနိုင်ပါဘူး။ သီလ၊ သမာဓိ၊ ပညာ တရားအစစ်ကို သဘောကျတာ၊ ကွာခြားလှပါတယ်။
ကိုယ်ကကော ဘယ်အထဲမှာ ပါသလဲ၊ ကိုယ့်ကိုယ်ကို စီစစ်ဖို့ လိုပါတယ်။ တစ်သိန်းထဲက
တစ်ယောက် ဖြစ်နိုင်ကြပါစေလို့  ဆန္ဒပြု တိုက်တွန်းလိုက်ရပါသည်။ ။
{ဒေါက်တာအရှင်ဆေကိန္ဒ၏ လိုရာခရီးရောက်ဖို့  မှ ကောက်နုတ်ဖေါ်ပြပါသည်.။}

No comments:

Post a Comment