Friday, May 17, 2013

သေချာတဲ့လမ်းကနေ ရွေးပြီးလျှောက်ပါ



တမလွန်ဘ၀ နောက်ဘ၀ကို ဘယ်လိုလုပ်ပြီးတော့
အဖြေရှာမလဲ၊ နောက်ဘ၀ဖြစ်ဦးမှာလား၊ မဖြစ်ဘူးလား၊
ကိုယ်လုပ်ထားတဲ့ အကုသိုလ်တွေရဲ့  အကျိုးကို
ခံရဦးမှာလား၊ မခံရဘူးလား၊
အကုသိုလ်တွေက အကျိုးပေးသလား၊

မပေးဘူးလား ဆိုတာနဲ့  ပက်သက်လာလို့  ရှိရင် အဖြေမထုတ်နိုင်တဲ့အခါမှာ
မြတ်စွာဘုရားက သေချာတာ လုပ်ဆိုပြီးတော့ မှာတယ်၊ အဖြေမထုတ်နိုင်တဲ့အခါကျတော့
သေချာတဲ့လမ်းကို ရွေးတဲ့၊ ဘယ်လိုရွေးမတုန်း။

ကောင်းပြီ၊ ငါ ဒီဘ၀မှာ လူတော်လူကောင်းဖြစ်အောင်
နေလိုက်မယ်၊ လူတော် လူကောင်းဆိုတဲ့ စံနဲ့  ကိုက်အောင်နေလိုက်မယ်၊
လူတော် လူကောင်းဖြစ်အောင် နေလိုက်လို့ ရှိရင်
နောင်ဘ၀ရှိတယ် ဆိုလို့ 
ရှိရင်လည်းပဲ အိုကေပဲ၊ နောက်ဘ၀မှာ ငါဟာ ကောင်းတဲ့ ဘ၀ရောက်မယ်၊
နောက်ဘ၀ မရှိဘူး ဆိုရင်လည်းပဲ အိုကေပဲ၊
ဒီဘ၀မှာ ငါဟာ လူကောင်းလူတော်ဖြစ်တယ်။
ကဲ နှစ်ဖက်စလုံး မကောင်းဘူးလား၊ ဒီဘ၀မှာ
ကိုယ့်ကိုကိုယ် လူတော်လူကောင်းဖြစ်အောင်
လုပ်ခြင်းဖြင့် နောင်ဘ၀ ရှိရင်လည်း ကောင်းတဲ့ဘ၀ရောက်ဖို့  သေချာတယ်၊
နောင်ဘ၀မရှိဘူးဆိုလည်း ဒီဘ၀ ငါလူကောင်းပဲ၊ ဟော နှစ်ဖက်ကောင်းတဲ့ လမ်းကိုရွေး။
အကုသိုလ်တွေကို တချို့ က အကျိုးပေးတယ်လို့ ပြောတယ်၊ တချို့ ကလည်း အကုသိုလ်တွေ အကျိုးမပေးဘူးလို့ လည်း ပြောတယ်၊ ဘယ်ဟာက မှန်သလဲ၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရမယ
်။ မဆုံးဖြတ်နိုင်လို့ ရှိရင် သေချာတာလုပ်။ ဘာလုပ်မလဲ၊ အကုသိုလ် မလုပ်ဘဲ နေလိုက်ပေါ့။
ဥပမာအားဖြင့် သူများအသက် သတ်လို့ ရှိရင် ငရဲကြီးတယ်။ တစ်ယောက်က မကြီးဘူးပြောတယ်ဆိုပါစို့ ။ ကဲ မသတ်ဘဲ နေလိုက်ပေါ့။ မသတ်ဘဲနေလိုက်သောအားဖြင့်
ကိုယ့်အတွက် ဒီဘ၀မှာလည်း ချမ်းချမ်းသာသာနေရတယ်။ အကုသိုလ်က အကျိုးပေးတယ်ဆိုရင်လည်းပဲ ကိုယ်က မသတ်သည့်အတွက်ကြောင့် အကျိုးပေးစရာမရှိဘူး။ အကုသိုလ်ဆိုတာ မရှိပါဘူးလို့  ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့  အယူဝါဒအရလည်း ပင်ကိုယ်က အကုသိုလ် မရှိတာရယ်၊
ကိုယ်က မလုပ်လို့ မရှိတာရယ်ကြောင့် ဘယ်ဘက်က
ကြည့်ကြည့် ကိုယ့်မှာ အကုသိုလ်ဆိုတာ မရှိဘူး၊ နှစ်ဖက် နှစ်လမ်း ကောင်းသွားပြီ၊
ဟုတ်တယ် မဟုတ်လား။
အကုသိုလ်ကို ကိုယ်တိုင်ကမှ မလုပ်တာ၊ မလုပ်သည့်အတွက်ကြောင့် အကုသိုလ်က အကျိုးပေးတယ်ဆိုရင်လည်းပဲ ကိုယ်က မလုပ်သည့်အတွက်ကြောင့် အကျိုးပေးမှာ မဟုတ်ဘူး။
အဲဒါ ကာလာမသုတ်မှာ မြတ်စွာဘုရားက ဘ၀ခရီး လျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေ ကြုံလို့ ရှိရင် သေချာတဲ့လမ်းကနေ ရွေးချယ်ပြီးတော့
လျှောက်လို့ ဟောထားတယ်။
ဆရာတော် အရှင်နန္ဒမာလာဘိဝံသ
(ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်း တရားတော်မှ)
မေတ္တာဖြင့် စုစည်းဝေမျှသူ
http://www.infinitydhamma.com်မှတဆင့်တင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

No comments:

Post a Comment