Friday, May 17, 2013

ပိုင်တယ် မပိုင်ဘူး..

လူတိုင်းဟာ ကိုယ်နဲ့ အသုံးတဲ့မယ်ထင်တဲ့ ပစ္စည်းတွေကို ၀ယ်ယူကြပါတယ်.အဲဒီလို ကိုယ်လိုချင်တဲ့ ပစ္စည်းကိုရသွားခဲ့ ရင် ငါ့ပစ္စည်း ငါ့ဥစ္စာ ငါ့ဟာ ငါ့ဟာ ဆိုပြီး သုံးနှုန်းနေကြပါတယ်.အလွယ်ဆုံးပြောရရင်
ကိုယ်ပိုင် ပစ္စည်းပေါ့.အဲဒီ ပစ္စည်းကို ရခဲ့ရင် အဲဒီ ပစ္စည်းကို ကိုယ်က ပိုင်သွားတာလား အဲဒီ ပစ္စည်းက ကိုယ့်ကို ပိုင်သွားတာလည်း စဉ်းစားကြည့်ကြပါစို့…

ပိုင်တယ် ဆိုတဲ့ အဓိပ္ခါယ်က ကိုယ်လိုသလို လုပ်လို့ရတယ်လို့ ဆိုလိုတယ်.ကိုယ်ထားသလိုနေ ကိုယ်ခိုင်းသလိုလုပ် ကိုယ့်ရဲ့ ဦးဆောင်မှုအောက်မှာ နေရပါတယ်.နားလည်လွယ်အောင်ပြောရရင် ပိုင်တယ်ဆိုတာ ကိုယ့်သဘောပေါ့…အဲဒါက မိမိရဲ့ အသိကို အတ္တအောက်မှာ ထားလိုက်တာပါ.
အတ္တသဘောဟာ ထင်ရှားတဲ့ အတွက် ပကတိမျက်စိနဲ့ ကြည့်ရင်အတ္တရဲ့ သဘောတွေပဲတွေ့နိုင်ပါတယ်.
လူတိုင်းဟာလည်း ပကတိမျက်စိကိုပဲ အသုံးချနေကြလို့ပါ.
တစ်ကယ်တန်းမှာတော့ ကိုယ်ဝယ်ယူလိုက်တဲ့ ပစ္စည်းတိုင်းဟာ ကိုယ်က ပိုင်သွားတာမဟုတ်ပါဘူး.ကိုယ်ဝယ်လိုက်တဲ့ ပစ္စည်းက ကိုယ့်ကို ပိုင်သွားတာပါ.ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းဟာ များသောအားဖြင့် လိုချင်တက်မက်မှုကြောင့် ၀ယ်ယူကြရပါတယ် အဲဒီ အတွက်ကြောင့်ပဲ ကိုယ်ဝယ်ယူထားတဲ့ ပစ္စည်းလေးတစ်ခုခုဖြစ်မှာကို စိုးရိမ်ရပါတော့တယ် အဲဒီလို စိုးရိမ်တဲ့ အတွက်လည်း အဲဒီ ပစ္စည်းလေးကို မပျောက်ပျက်အောင်းထိန်းသိမ်းရပါတော့တယ် အဲဒီ ပစ္စည်းက ခိုင်းသမျှကို လုပ်ပေးနေကြရပါတယ်.
အဲဒီတော့ ကိုယ့်ဆီမှာရှိနေတာတွေက ကိုယ်ကပဲပိုင်သလား မပိုင်ဘူးလားဆိုတာ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစား ဆင်ခြင် ဆုံးဖြတ် ပြီး ကိုယ်က အသုံးချခံ အဖြစ်ခံမလား ကိုယ်တိုင် အသုံးချမှာလား…
မိမိ စဉ်းစား ဆင်ခြင် ဆုံးဖြတ်တဲ့ အပေါ်မှာမူတည်ပါလိမ့်မယ်…..

No comments:

Post a Comment