လူမျိုးခြားကိုယူတဲ့ မိန်းကလေးတွေ သတိကလေး တစ်ချက်လွတ်သွားတာနဲ့  သံသရာ
တစ်လျှောက်လုံး မှားနိုင်သလို ပြောစရာတွေ အများကြီးလဲ ကျန်ပါသေးတယ်။ တွေးကြည့်ဦး
လေ၊ တို့ တိုင်းရင်းသားတွေဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆို
တဲ့အမျိုးသားတွေ မရှိလို့ လား?။ ဆူးပေါ်ဖက်ကျတော့လည်း ဖက်ပဲပေါက်တာပဲလေ၊ မိအေး
နှစ်ခါနာ မဟုတ်ဘူး။ တစ်သက်လုံး သံသရာတစ်လျှောက်လုံး နာသွားတာပါ။ နောက်တစ်ခုက
မိဘတွေလဲ တာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့သားသမီးတွေဟာ ဘယ်လိုလူမျိုး
နဲ့  ချစ်ခင်စုံမက်နေတယ် ဆိုတာကိုလေ့လာပြီး တားမြစ်သင့်ရင် တားမြစ်ရမယ်လေ။
ဒါမှသာ အမျိုးကိုချစ်ပြီး အမျိုးစစ်ရာ ကျမှာပေါ့ကွာ၊ အဓိကတော့ကွာ တို့ ရွှေမြန်မာသ
မီးပျိုလေးတွေကလည်း ဂုဏ်သိက္ခာကိုထိန်းသိမ်း၊ အမျိုးဂုဏ်ကို စောင့်ရှောက် ဘာသာ သာ
သနာကိုလည်း ရိုသေလေးစား လိုက်နာရပါမယ်။ ရွှေမြန်မာ ခေါင်းဆောင်ကြီးများကိုလည်း
မေတ္တာရပ်ခံပါဦးမယ်ကွာ။ မိမိတို့  ဘာသာတရား မပျောက်ပျက်အောင် အဓိက ထိန်းသိမ်း
ပေးရမှာပါ။ လူမျိုးခြားတွေ သုံးစွဲနေတဲ့ ငွေကြေးတွေဟာ ဘယ်ကပို့ တာလဲ၊ ဘယ်လိုရရှိတာ
လဲ။ တရားမ၀င်ဆိုရင် နိုင်ငံတော်ပိုင်အဖြစ် သိမ်းပိုက်သင့်ပါတယ်။
လုပ်ငန်းပါမစ် လိုင်စင် အစရှိတဲ့ လုပ်ငန်းတွေကိုလည်း လူမျိုးခြား ဘာသာခြားဆိုရင် မ
ပေးမိဖို့  သတ္တိရှိရှိနဲ့  ရင်ဆိုင်စေချင်တယ်။ လူမျိုးခြားတွေနဲ့  မယူဖို့ ဆိုတဲ့ ဥပဒေပါတယ်လေ၊
တိတိကျကျ လိုက်နာပြီး လိမ်လည်မှုနဲ့  ထောင်ချသင့် ထောင်ချပေါ့။ အမျိုးချစ်တဲ့ စိတ်နဲ့ 
တာဝန်တွေကို ထမ်းဆောင်စေချင်ပါတယ်။ သတိချပ်စရာလေး တစ်ခုကတော့ တက္ကသိုလ်
ကျောင်းသူတွေ၊ စက်ရုံအလုပ်ရုံတွေမှာ လုပ်နေကြတဲ့ မြန်မာလုံမပျိုတွေကို ရင်ဖုံးအင်္ကျီဝတ်
ဆင်ပြီးကျောင်းတက်ဖို့ ၊ လုပ်ငန်းခွင်ဝင်ဖို့ ကို မြန်မာ့ယဉ်ကျေးမှုကို ဖေါ်ဆောင်တဲ့အနေနဲ့ 
နိုင်ငံတော်မှ စည်းကမ်းချက်မှတ်ပြီး တိုက်တွန်းသင့်ပါတယ်။ ဒါမှအမျိုးဂုဏ်ကို စောင့်ရှောက်
ရာကျမှာပါ။ နောက်ပြီး တွေးမိတာပါ။ ပါတီအသင်းအဖွဲ့ တွေ၊ လူမှုရေးအဖွဲ့ အစည်းတွေ၊ ဘာ
သာရေးအဖွဲ့ အစည်းတွေမှာ လူမျိုးခြားတွေ မပါစေရေးကိုလည်း သတိမူသင့်တယ်။ သတိမမူ
ဂုဏ်မမြင်ဆိုသလိုပဲ လူမျိုးခြားတွေ ၀ါးမျိုတာကို ခံစားရနိုင်တယ်လေ။ ပါတီပဲဖြစ်ဖြစ်၊ လူမှု
ရေးအသင်းအဖွဲ့ ပဲဖြစ်ဖြစ်၊ ဘာသာရေးအဖွဲ့ အစည်းပဲဖြစ်ဖြစ်၊ ၀င်မယ့်လူရဲ့ ကိုယ်ရေးအကျဉ်း
ကို ယူသင့်တယ်။ ဒါမှ လူမျိုးခြားဆိုရင် ပယ်နိုင်အောင်ပေါ့၊ မဟုတ်ဘူးလား။
ဘာသာမကွယ်ပျောက်အောင် အားလုံးတစ်ကနေစပြီး လုပ်ဆောင်ဖို့ အချိန် ရောက်လာ
နေပြီ။ ပြောချင်တာကတော့ တို့ မြန်မာသမီးပျိုလေးတွေ အချစ်ထက် ဦးနှောက်ကို ဦးစားပေး
စဉ်းစားပြီး ဘာသာ၊ သာသနာ၊ အမျိုးဂုဏ်ကို မဖျက်မိဖို့  သတိထားစေချင်လို့ ပါ။ ဒါမှရွှေဆို
တဲ့အတိုင်း သမီးပျိုလေးများဟာ တန်ဖိုးမြင့်တက်လာပြီး သာသနာပြုတာနဲ့  တူပါတယ်။ တို့ 
ပျိုမေတွေဟာ ယဉ်ကျေးသိမ်မွေ့  လှပါတယ်။ဆရာတော်များက ဘာသာကိုချစ်ဖို့  အမျိုးဂုဏ်
ကိုစောင့်ထိန်းဖို့  တရားခွေထဲမှာလည်း ထည့်ဟောသလို စာအုပ်တွေနဲ့ ဖေါ်ပြပေးနေတာကို
ကိုယ်တို့ ပျိုမေတွေ နားထောင်လိုက်နာပြီး စာများများလေးဖတ်စေချင်ပါတယ်။ ဒါမှသာအသိ
တရားတွေရှိပြီး ဖျက်သုံးဖျက်ကို မကျူးလွန်ဘဲ တန်ဖိုးရှိတဲ့ သမီးပျိုများ ဖြစ်ကြပါစေလို့  ဆု
တောင်းပေးနေပါတယ်။ အမြဲတမ်း ပြုံးနိုင်ပြီးတော့ အမျိုးကိုချစ် အမျိုးစစ်ဖို့ အတွက် တစ်ဖက်
တစ်လမ်းကနေ ကြိုးစားပေးကြပါလို့  တိုက်တွန်းတင်ပြလိုက်ရပါတယ်။ ။
{၈.၃.၂၀၁၃ နေ့ ထုတ်The first weekly news journal စစ်ငြိမ်းသူ(ပျဉ်ပုံကြီး)
ကို ကူးယူဖေါ်ပြပါသည်။}
No comments:
Post a Comment