Sunday, May 12, 2013

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၁)။

****ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
ရုပ် နာမ် နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊
အနတ္တ သိရ နိဗ္ဗာန်ဝင်။ ။ ။
************ကိစ္စမများ၊ စကားနည်းစေ၊
အိပ်နေမှုနည်း၊ ကိုယ်တည်းပျော်လေ၊
ဆုံးမလွယ်ကြောင်း၊ မိတ်ကောင်းရှိစေ၊
တရားရေး အားပေးဂုဏ်ခြောက်ထွေ။ ။ ။

*********ဒါန, သီလ, ဘာဝနာ၊
ကိုယ်ပိုင်ဥစ္စာပါ၊
တစ်နေ့ ,တစ်ရက်, ကိုယ့်အတွက်၊
မပျက်ကြိုးစားပါ။ ။ ။
“” သီလကထာ ဒေသနာ”"
သီလရနံ့ ၊ မွှေးပျံ့ ကြိုင်စွာ၊
သီလဆင်သိုင်း၊ ရှုတိုင်းလှပါ၊
သီလစောင့်ငြား၊ မလားပါယ်ရွာ၊
မြတ်သီလ စိတ်ချကိုးကွယ်ရာ။ ။ ။
“”"ဒါနကထာ ဒေသနာ”"”
ချမ်းသာအပေါင်း၊ ရကြောင်းမှန်စွာ၊
စည်းစိမ်ဘောဂ၊ မြစ်မတည်ရာ၊
အောက်တန်းမကျ၊ ကယ်မသူမှာ၊
မြတ်ဒါန စိတ်ချကိုးကွယ်ရာ။ ။ ။
“”"”"”သင်္ဂဟ၀တ္တု လေးပါး”"”"”"
ပေးကမ်းရက်ရော၊ အပြောချိုသာ၊
သူ့ ကျိုးဆောင်ရွက်၊ မပျက်စေရာ၊
တန်းတူကိုယ်နှင့်၊ အသင့်ထားပါ၊
စည်းလုံးမှု လေးခုသင်္ဂဟာ။ ။ ။
{မဟာစည် ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာ တရားတော်မှ ကူးယူဖေါ်ပြသည်။ ။}

No comments:

Post a Comment