ကျွန်မတို့ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ မြတ်စွာဘုရားရှင်ကို ရည်ရွယ်မှန်းထားပြီး ဆီမီးပူဇော်
လှူဒါန်းခြင်းထက် မလိုလာအပ်တဲ့ ဘယ်ဗေဒင်ကဟောလိုက်လို့ ဘယ်နတ်ကတော်ကဟောလိုက်လို့
ရှစ်မျက်နှာဘုရားမှာ သွားပြီး ဆီမီးတိုင်တွေကို သက်စေ့သော်လည်းကောင်း နည်းများမဆို လွဲမှားစွာ
လှူဒါန်းမူ့ပြုနေကြတာဟာ အလွန်ဝမ်းနည်းဖွယ်ရာ ကောင်းလှပါတယ် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်ကို တရိုတသေယုံကြည်လေးမြတ်စွာ ဆီမီးတိုင်ကိုပူဇော်ရင် ဘယ်လောက်
အကျိုးကျေးဇူးကြီးမားတယ်ဆိုတာ ကိုသိစေချင်လို့ စာရေးသူ ဖတ်မှတ်ဖူးတဲ့ အကျိုးကျေးဇူးများကို
လက်ကမ်းမျှဝေလိုက်ပါတယ် ။ ကျွန်မတို့ဘသာဝင်တွေဟာ တကယ်ကြီးကျယ်မြင့်မြတ်သောအကျိုး
ကျေးဇူးများကို ခံစားဖို့ ပါရမီကံက ရှိပါလျက် ကိုယ့်ဘာသာသာသနာကိုလေးမြတ်ယုံကြည်ဆီးကပ်ဖို့
အတော် အင်အားနည်းနေတဲ့ မိမိတို့ရဲ့စိတ်စေတသိပ်ဆိုးတွေကို မတွန်းလှန်နိုင်သည့်အတွက် နီးလျက်
နဲ့ဝေးနေကြတာ အရူံးကြီးလွန်းပါတယ် ။ ဒါကြောင့် ဒီစာ လေးကို ဓမ္မမိတ်ဆွေ ညီအကိုမောင်နှမများ
ဖတ်မိဆိုရင် အော် ဒီကုသိုလ်လေးက ဒီလောက်တောင် အကျိုးကြီးမားပါလားဆိုတာ ခံယူကျင့်သုံးသိ
သွားမယ်ဆိုရင် စာရေးသူတင်ပြပေးရကျိုးနပ်လှပါတယ် ။သိလည်းသိနိုင်ပါစေ မြင်လည်းမြင်နိုင်ပါစေ
သိသည့်မြင်သည့်အတိုင်းလည်း ကျင့်ကြံကျိုးကုတ်နိုင်ပါစေလို့ ဆန္ဒအာသီသ ပြုမိပါတယ်။
ဆီမီးတိုင် လှူဒါန်းပူဇော်ရခြင်း အကျိုး ( ၁၀ ) ပါး မှာ
၁……..တာဝတိံသာနတ်ပြည်၌ အမြင့်ယူဇနာ ခြောက်ဆယ် အကျယ် ယူဇနာ သုံးဆယ်ရှိသောဗိမာန်
ကိုရရှိခြင်း ။
၂……..မရေမတွက်နိုင်သော ဆီမီးတိုင်တို့သည် နတ်ဘုံရှိသလောက် ထွန်းလင်းတောက်ပခြင်း ။
၃…….. ကြည့်လိုသည်ရှိသော် ထက်၊ အောက် ၊ ဖီလာ အရပ်အားလုံးကို မျက်စိဖြင့် မြင်ရခြင်း ။
၎…….. သုဂတိ ဒုဂ္ဂတိ လားမည့် ပုဂ္ဂိုလ်များကိုလည်း အဆီးအတားအပိတ်အပင် မရှိဘဲ ကြည့်ရူ့နိုင်ခြင်း။
၅……..ရှစ်ကျိပ်သောနတ်မင်းနှင့် တစ်ရာသောစကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရရှိခြင်း ။
၆…….. ဖြစ်လေရာဘ၀တို့၌ ဆီမီးတစ်သိန်းတို့ဝန်းရံခြင်း ။
၇ …….. မဏ္ဍပ် သစ်ပင်ရင်း ပြာဿဒ် လိုဏ်ဂူ ဆိတ်ငြိမ်သော တောကျောင်းတို့၌ ဈာန်ဝင်စားနေစဉ်
ဆီမီးငါးတိုင်တို့ တောက်ပနေခြင်း ။
၈…….. ဒိဗ္ဗစက္ခုအဘိညာဉ်သည် အထူးစင်ကြယ်လျက် အဘိညာဉ်၏ အထွတ်အထိပ်သို့ရောက်ခြင်း ။
၉…….. ဆီမီးတိုင်လှူခဲ့သည့်အခါမှစ၍ ကမ္ဘာတစ်သိန်းတိုင် ဒုဂ္ဂတိဘ၀သို့ မရောက်ရခြင်း ။
၁၀…….ခုနှစ်နှစ်အရွယ်၌ ကိလေသာကုန်၍ ရဟန္တာဖြစ်ခြင်း တို့ဖြစ်ပါတယ် ။
ဆီမီးပူဇော်ရသော အကျိုး ခြောက်ပါးရှိပါတယ် ။ ဒီကောင်းမူ့အကျိုးတွေကတော့
၁…….. ဖြစ်လေရာဘ၀တိုင်း၌ များစွာသော ဆီမီးတို့ကောင်းစွာတောက်ပခြင်း ။
၂…….. နံရံတစ်ဖတ် ကျောက်တောင်တစ်ဖတ် တောင်စသည်တို့ကိုကျော်လွန်၍ အလိုရှိအပ်သော
အရာဝတ္ထုကို မြင်နိုင်ခြင်း ။
၃…….. မျက်စိအထူးစင်ကြယ်ခြင်း ။
၎…….. အခြံအရံတို့ဖြင့် တောက်ပခြင်း ။
၅…….. သဒ္ဓါတရားရှိသူ ဖြစ်ခြင်း ။
၆…….. ပညာဥာဏ် ကြီးသူ ဖြစ်ခြင်း ။
နောက်ဆီမီးပူဇော်ရကျိုးကလည်း ( ၁၁ ) ပါးရှိပါတယ် အပေါ်ကကောင်းမူ့အကျိုးထဲမှာတစ်ခုပဲကွာပါတယ် အဲဒါကတော့ မွေးဖွားရာအိမ်၌ ဆီမီးတစ်သိန်း
တောက်ပခြင်း ။
ဆီမီးတိုင်ပူဇော်လှူဒါန်းရကျိုး ၃ ပါးကတော့
၁…… အမျိုးဇာတ်မြင့်မြတ်သူ ဖြစ်ခြင်း ။
၂…… အင်္ဂါကြီးငယ်နှင့် ပြည့်စုံသူ ဖြစ်ခြင်း ။
၃…… တတ်သိနားလည်သူဟု သမုတ်အပ်သော ပညာရှိ ဖြစ်ခြင်း တို့ပါ ။
ဒီကုသိုလ်ကောင်းမူ့အဖို့လေးကို သတိပြုမိသွားပြီဆိုရင် မိမိတို့ရဲ့ဗုဒ္ဓဘုရားကို ရည်ရွယ်မှန်းဆပြီး
သက်ဝင်ယုံကြည်စွာ ဘာသာအကျိုးသာသနာအကျိုးတွေကိုဆထက်သည်ပိုးနိုင်သူ ဗုဒ္ဓဘာသာဝင်
စစ်စစ်သူတော်ကောင်းများ ဖြစ်ကြပါစေ ပေါများသထက်ပေါများပါစေလို့ ဆုတောင်းပတ္ထာနာပြုရင်း
ကောင်းမြတ်တဲ့စိတ်စေတသိပ်တွေကို ဘာသာသွေးစင်စစ်ဖြစ်အောင်မွေးမြူနိုင်ကြပါစေလို့……….
******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******
No comments:
Post a Comment