Thursday, May 16, 2013

သာသနာ ဆိုတာ

သီလ သမာဓိ ပညာ သည် ပိဋကပ်သုံးပုံကို ကိုယ်စားပြုပေသည်။ ၀ိနည်း သုတ္တာန် အဘိဓ္မာ
ဟု ဆိုပေသည်။ ဓမ္မခန္ဒာပေါင်း ရှစ်သောင်းလေးထောင်သည် သာသာနာတည်းဟူသော မြတ်စွာ
ဘုရားရှင်၏ အဆုံးအမများကို ကိုယ်စားပြုပေသည်။ဝိနည်း စည်းကမ်းသည် လိုက်နာကျင့်သုံး
ခြင်းနှင့် လိုက်နာကျင့်သုံးသည့်အခါ လူမျိုးမရွေး ဘာသာမရွေး အဆင့်အတန်းမရွေး တစ်တန်းတည်း
တူညီသော အကျိုးတရားကို ပေးနိုင်စွမ်းရှိပေသည်။
ရှင်ဘုရင်နှင့် သူတောင်းစားကို တစ်တန်းတည်း
ဖြစ်အောင် သီလသည် ဘက်လိုက်မှု မရှိပေ။ သုတ္တာန်၏ အနှစ်သာရမှာ သတ္တ၀ါ၏ စရိုက် ဘုန်းကံနှင့်
ပါရမီပေါ်တွင် မူတည်ပေသည်။ သတ္တ၀ါ၏ စရိုက်နှင့် ဘုန်းကံ ပါရမီပေါ်မူတည်ပြီး သင့်သည့် အကြောင်း
တရားဖြင့် နားလည်စေကာ အသိကို မှန်ကန်စေရန် အယူစင်ကြယ်စေရန် မြတ်စွာဘုရားရှင်သည် ဆုံးမ
ခြင်း ဖြစ်ပေသည်။ အဘိဓမ္မာ၏ တည်ရှိပုံ သဘောတရားကား သီလနှင့် သမာဓိ၏ ကိုက်ညီမှု ပေါ်တွင်
မူတည်နေပေသည်။ တစ်နှင့် တစ်ပေါင်းလျှင် နှစ်ရသကဲ့သို့ပင်တည်း။ ၀ိနည်းတွင် ပါရှိသော ဓမ္မခန္ဒာပေါင်း
နှစ်သောင်းတစ်ထောင် သုတ္တာန်တွင် ပါရှိသော ဓမ္မခန္ဒာပေါင်း နှစ်သောင်းတစ်ထောင်နှစ်ခုပေါင်းစပ်လိုက်
သောအခါ လေးသောင်းနှစ်ထောင်ရပေသည်။ ၀ိနည်းသည် သီလကို ကိုယ်စားပြုပြီး သုတ္တာန်သည် သမာဓိ
ကို ကိုယ်စားပြုသကဲ့သို့ အဘိဓမ္မာသည် ပညာကို ကိုယ်စားပြုပေသည်။ သီလတစ်ခုတည်းနှင့် ပညာမစစ်
နိုင် သမာဓိတစ်ခုတည်းနှင့်လည်း ပညာ မစစ်နိုင် သီလနှင့် သမာဓိ ထပ်တူကျမှ ပညာစစ်နိုင်ပေသည်။
အရေးကြီးသည်မှာ သုတ္တာန်ပင် ဖြစ်ပေသည်။ သုတ္တာန်၏ သဘောတရားနှင့် အနှစ်သာရကိုသေချာ မသိနား
မလည်သဖြင့် ဗုဒ္ဒစာပေတို့အား လေ့လာရင်း အဓမ္မ၀ါဒီများ များစွာ ဖြစ်သွားကြသော သူများမှာ သဘောတရား
နှင့် အနှစ်သာရကို သေချာ နားမလည်ခြင်းကြောင့်ပင် ဖြစ်ပေသည်။ သုတ္တာန်၏ အနှစ်သာရမှာ အပေါ်တွင်
ဆိုခဲ့သည့် အတိုင်း သတ္တ၀ါ၏ စရိုက် ဘုန်းကံ ပါရမီပေါ် မူတည်၍ သင့်သည့် တရားဖြင့် ဟောကြားခြင်း ဖြစ်
ပေသည်။ အရေးကြီးဆုံး သိထားရမည့် အချက်မှာ သုတ္တာန်တွင် ဘုရားရှင် ဆုံးမခဲ့သော သူများမှာ မိမိမဟုတ်
ဟု သိထားရမည်ပင် ဖြစ်ပေသည်။ သို့မဟုတ်လျှင် ထိုသူကား တစ်ရား တစ်လုံးဖြင့် သောတာပန် ဖြစ်သွားသည်
ငါလည်း ဖြစ်မှာပဲဟု ထင်မိလျှင် လွဲပေလိမ့်မည်။ မိမိ၏ စရိုက်နှင့် ၀ါသနာကို မိမိ၏ အပြုအမူ အပြောအဆို အ
နေအထိုင်တို့ကို ကြည့်ကာ မိမိ၏ စိတ်ကို မိမိကိုယ်တိုင် ခန့်မှန်းနိုင် သိနိုင်ပေသည်။ ထို့နောက် မည်သည့်
အကြောင်းတရားတို့ကို မည်ကဲ့သို့ ပြုလုပ် လိုက်နာ ကျင့်ကြံရမည်ကိုလည်း သိနိုင်ပေသည်။ ရှင်ဘုရင်နှင့် သူ
တောင်းစား တန်းတူအခွင့်အရေး ရှိသည်မှာ ၀ိနည်းပိုင်းပင် ဖြစ်ပေသည်။ မတူသည့် အကြောင်းမှာ ပါရမီ ဘုန်း
ကံပင် ဖြစ်ပေသည်။ သူတောင်းစားသည်လည်း ဒီသီလကိုပင် စောင့်ထိန်း၏ ရှင်ဘုရင်သည်လည်း ဒီသီလကို
ပင် စောင့်ထိန်း၏။ တူပေသည် မတူသည်မှာကား သူတောင်းစား၏ ဘုန်းကံ ပါရမီနှင့် ရှင်ဘုရင်၏ ဘုန်းကံ ပါ
ရမီပင် ဖြစ်ပေသည်။ ထိုကဲ့သို့ နားလည် သဘောပေါက်လျှင်ကား အသိမှန် အယူမှန်ဖြစ်သဖြင့် မဂ္ဖင်၏ အစ
သမ္မဒိဌိ၏ လမ်းကြောင်းပင် ဖြစ်ပေသည်။ထိုကဲ့သို့ သိသောသူသည်ကား တဏှာ၏ သဘောကို သိစေနိုင်၏။
မာန၏ ခြယ်လှယ်ခြင်းမှ လွတ်ကင်းပေသည်။ ဒိဌိ၏ နှောက်ယှက်ခြင်းမဖြစ်နိုင်ပေ။ အစ၏ ကောင်းခြင်း
လက္ခဏာပင် ဖြစ်ပေသည်။ ထို့နောက် သတိနှင့် ၀ိရိယကို လက်ကိုင်ထားကာ ဘ၀တစ်လျောက် မည်သည့်
အကြောင်းနှင့် ကြုံဆုံ မယိုင်လဲသော သဒ္ဒါတရားကို ဖြစ်ပေါ်စေမည်မှာ မလွဲပင် ဖြစ်ပါသည်။ ထိုအကြောင်း
တရားတို့သည် မြတ်စွာ ဘုရားရှင်ဟောကြားခဲ့သော ဓမ္မများ ဖြစ်သဖြင့် မြတ်စွာ ဘုရား၏ ကျေးဇူးကို အစဉ်
အောက်မေ့ကာ ဗုဒ္ဒဘာသာဝင် စစ်စစ်များ ဖြစ်နိုင်ကြပါစေ..
မှတ်ချက်။ ။ကိုယ်တိုင်ရေး..

No comments:

Post a Comment