မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ပင်လျှင် ဘုရားမဖြစ်မှီ ဘုရားလောင်း
ဘ၀မှာ ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အဆုံးကနေ အစရောက်အောင် ဆင်ခြင်တော်မူပါ
သည်။ တစ်ဖန် အစကနေ အဆုံးရောက်အောင် ဆင်ခြင်တော် မူပါသည်။ ဤကဲ့သို့  ပဋိစ္စသ
မုပ္ပါဒ် ဒေသနာကို အစက အဆုံး၊ အဆုံးက အစ၊ ပြန်ရောက်အောင် ဆင်ခြင် သုံးသပ်တော်မူ
သောအခါ နံနက်မိုးသောက်ယံ၌ အာသဝေါတရား လေးပါး ကုန်ခန်းတော်မူပြီးလျှင် သဗ္ဗညုတ
ဉာဏ်တော်ကြီးကို ရရှိတော် မူပြီးသောအခါ လောကသုံးပါးဝယ် အမြတ်ဆုံး ဘုရားရှင်အဖြစ်
သို့  ရောက်တော်မူခဲ့ပါသည်။
ပဋိစ္စသမုပ္ပါဒ် တရားတော်ကို မသိရင်၊ သစ္စာလည်း မသ်နိုင်ပါ။ သစ္စာမှ မသိရင် မည်သူမျှ
ဒိဌိ မကွာနိုင်ပါ။ ဒိဌိကိုမှ အသိဉာဏ် အားဖြင့်လဲ မခွါ၊ အပွားဉာဏ် အားဖြင့်လဲ မခွါ၊ အပါယ်
ဉာဏ် အားဖြင့်လဲ မခွါနိုင်ပါလျှင် သောတာပန်မျှ တောင်မှ မဖြစ်နိုင်တော့ပါ။ သို့ အတွက်
သောတာပန် ဖြစ်ချင်ပါတယ် ဆိုလျှင် ဒိဌိကို အသိဉာဏ် အားဖြင့် ခွါနိုင်ဖို့ ရန် ပဋိစ္စသမုပ္ပါဒ်
တရားတော်ကို ခန္ဓာဉာဏ်ရောက် သဘောပေါက်ထားဖို့  လိုပါသည်။
ဤကဲ့သို့  ပဋိစ္စသမုပ္ပါဒ်ကို သဘောပေါက်ထားပါလျှင် ဒိဌိတည်းဟူသော ငရဲမျိုးစေ့
အပါယ်လေးပါး မျိုးစေ့များသည် ဆိတ်သုဉ်းကွယ်ပျောက် သွားပါသဖြင့် ငရဲပင်၊ အပါယ်ပင်
များ ဘယ်တော့မှ ပြန်ပြီး မပေါက်နိုင်တော့ပါ။
သို့ အတွက် အပါယ်လေးပါးကို မရောက်လို ကြကုန်သော၊ အပါယ်တံခါး ပိတ်လိုကြသူ
တိုင်းသည် ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို နာယူ၊ မှတ်သားထားပြီး၊ ခန္ဓာဉာဏ်ရောက်
သဘောပေါက်အောင် သုံးသပ်ဆင်ခြင် ပွားများအားထုတ်ကြပါလျှင် သူတော်ကောင်းတို့ သည်
အမတခေါ်သော မသေရာမှန် မြတ်နိဗ္ဗာန်သို့  ဧကန်မသွေ ရောက်ရှိနိုင်ကြပါမည်သတည်း။ ။
{၁၉၉၁-ခုနှစ် ဒီဇင်ဘာလ ဇနိတာရာမကျောင်းတိုက် ဆရာတော် ဦးဇနိတာလင်္ကာရ
ရေးသားသော ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာမှ ကောက်နုတ်ဖေါ်ပြပါသည်။}
——————————————————————————————–
“ဓမ္မစကား”
========
ဓမ္မစကား
နေ့တိုင်းကြားက
စိတ်ထားဖွေးလက်
သိဉာဏ်ထက်၏။ ။
(အရှင် ဆန္ဒာဓိက)
No comments:
Post a Comment