Sunday, May 12, 2013

ဣဿာမီးလောင်သည်နှင့် ချက်ချင်းသေသော နတ်များ။

ကိုယ့်ထက်သာသူအပေါ်  ၀မ်းသာလိုက်လျှင်  မုဒိတာဟူသော ကုသိုလ်ဖြစ်၏။  မနာလိုလိုက်လျှင်
ဣဿာဟူသော အကုသိုလ် ဖြစ်၏။ ကိုယ့်အောက် နိမ့်သူအပေါ် ကရုဏာထားလျှင် ကုသိုလ်ရသလို ကိုယ့်
ထက်သာသူအပေါ် ၀မ်းမြောက်လျှင်လည်း ကုသိုလ်ရသည်သာ ဖြစ်၏။
ထူးခြားချက်ကား ကရုဏာထားဖို့ အတွက်ဆိုလျှင် ကိုယ့်အိပ်ထဲမှ ငွေကြေး အနည်းနဲ့အများ ထုတ်
ရပြီး၊ မုဒိတာထားဖို့ အတွက်ကား ဘာမှကုန်စရာ မလိုခြင်းပင် ဖြစ်၏။  သို့သော် မြန်မာအများစုသည်  ကု
သိုလ်ရတာချင်း တူပါလျက် ငွေကုန်၊ ပစ္စည်းကုန်ရသော ကရုဏာကိုထားနိုင်ပြီး ဘာမှမကုန်သည့် မုဒိတာ
တရားကို မပွားနိုင်ခြင်းကား အံ့သြစရာပင် ဖြစ်၏။

မနာလိုခြင်းကို ဣဿာ၊ ကိုယ်ရသလို သူတစ်ပါး မရစေလိုခြင်းကို မစ္ဆရိယဟု ခေါ်၏။  ထိုတရား    နှစ်ပါးကို လက်ခံသူများသည် ငရဲသို့လည်းကျရ၏။  ငရဲကလွတ်၍ လူဖြစ်လျှင်လည်း ငတ်ပြတ်ဆင်းရဲပြီး
အထီးကျန် တစ်ယောက်တည်း   နေရတတ်၏။  ကိုယ့်ထက်သာလို့ မနာလိုသော   ဣဿာတရားသည်
ဒေါသနှင့် ယှဉ်သောကြောင့် သေသည်အထိ အလွန်ပူပြင်း၏။  (မာဃဒေ၀ )
“သူ့ ၌ပြည့်စုံ၊  စည်းစိမ်ပုံကို၊  မြင်တုံဘိလည်း
မျက်စိစူးဝင်၊  မရှုချင်အောင်၊  ၀မ်းတွင်းလှိုက်ဆူ
မငြူစူနှင့်၊  ငြူစူတတ်က၊  နတ်မဟာရာဇ်
ဒေ၀ါဖြစ်လျက်၊  စင်စစ်လျင်စော၊  လတ်တလောဖြင့်
မနောပဒေါသိ၊  မည်ရှိစိတ်ဆိုး၊  နတ်အမျိုးတို့
နွမ်းညိုးခန္ဓာ၊  သေလွယ်စွာ၏။ ။”   ဟုဆိုထား၏။
နတ်တစ်ပါးသည် အခြားနတ်တစ်ပါး၏ စည်းစိမ်ဥစ္စာ များပြားမှုကို မနာလိုလိုက်သည်နှင့်  ချက်
ချင်းသေပြီး ငရဲသို့ကျသည် ဟု ဆိုလိုခြင်းဖြစ်၏။ နတ်တို့၏ရုပ်သည် နုညံ့သိမ်မွေ့ သောကြောင့် ဣဿာမီး
လောင်သည်နှင့် ချက်ချင်းသေရခြင်း ဖြစ်၏။  လူသားတို့၏ ရုပ်ကား  ကြမ်းတမ်းသောကြောင့်  ချက်ချင်း
မသေသော်လည်း အပါယ်ဘုံသို့ ကျရောက်၏။
ဒါကြောင့်မို့ မိမိတို့တစ်တွေလည်း စားဝတ်နေရေးအတွက် သွားလာရုန်းကန်ရင်း ကိုယ့်ထက်သာ
တဲ့သူအပေါ် ၀မ်းမြောက်ဝမ်းသာ မုဒိတာ ဖြစ်ပြီး ကိုယ့်အောက်နိမ့်သူအပေါ် သနား ဂရုဏာ ထားနိုင်ကာ
တစ်ဆင့်ပြီးတစ်ဆင့်   ရရောက်နိုင်တဲ့ မဂ်ဉာဏ်၊    ဖိုဉာဏ် နိဗ္ဗာန်ကို  မျက်မှောက်ပြု   ခံစားနိုင်ကြတဲ့
သူတော်ကောင်းတွေ ဖြစ်ကြပါစေ။ ။
{မေတ္တာရှင်(ရွှေပြည်သာ) ၏  မေတ္တာဖြင့်စီးပွားရှာခြင်းမှ ကောက်နုတ်ဖေါ်ပြပါသည်။}
—————————————————————————————————
“ကိုယ်စီခပ်နှိပ်ကြ”
===========
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထိုထိုသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍ တည်မည်၊
ကိုယ်စီခပ်နှိပ်  ကြစေသတည်း။ ။
(တောင်မြို့-မဟာဂန္ဓာရုံဆရာတော်)

No comments:

Post a Comment