စိတ္တ ။ အာရုံကိုသိခြင်းလက္ခဏာရှိ၏ ။
ဖဿ ။ အာရုံကိုထိတွေ့ခြင်းသဘော။
ဥပမာ ချဉ်သီးစားသူကိုမြင်ရသူနှင့်တူ၏။
ဝေဒနာ ။ အာရုံ၏အရသာကိုခံစားခြင်း လက္ခဏာရှိ၏ ။
ဥပမာ ပြည့်ရှင်မင်းနှင့်တူ၏။
သညာ ။ မှတ်သားခြင်းလက္ခဏာရှိ၏ ။
ဥပမာ လက်သမားတို့၏ခဲအမှတ်သားနှင့်တူ၏။
စေတနာ ။ စေ့ဆော်တိုက်တွန်းခြင်း လက္ခဏာရှိ၏ ။
ဥပမာ တပည့်ကြီး စစ်ဗိုလ်ကြီးနှင့်တူ၏။
ဧကဂ္ဂတာ ။ တည်ကြည်ခြင်း မပျံ့လွင့်ခြင်း လက္ခဏာရှိ၏ ။
ဥပမာ ကျောက်စာတိုင်နှင့်တူ၏ ။
ဇီဝိတိနြေ္ဒ ။ တကွဖြစ်ဖော်ဖြစ်ဖက် စိတ်စေတသိက် ဟူသောနာမ်တရားများ
ကိုစောင့်ရှောက်ခြင်း လက္ခဏာရှိ၏ ။
ဥပမာ ကြာကိုစောင့်ရှောက်သောရေနှင့်တူ၏။
တနည်း နို့ထိမ်းနှင့်လည်းတူ၏ ။ လှေလှော်သူနှင့်လည်းတူ၏။
မနသိကာရ ။ အာရုံ၌နှလုံးသွင်းခြင်း လက္ခဏာရှိ၏ ။
ဥပမာ ရထားထိမ်းနှင့်တူ၏။
ဝိတက္က ။ သမ္ပယုတ်တရားတို့ကိုအာရုံပေါ်
သို့တင်ပို့ပေးခြင်း လက္ခဏာရှိ၏ ။
ဥပမာ မင်းကျွမ်းဝင်သူနှင့်တူ၏။
ဝိစာရ ။ အာရုံကိုသုံးသပ်ခြင်း လက္ခဏာရှိ၏ ။
ဥပမာ ခေါင်းကြေးစည်ညည်းသံနှင့်တူ၏။
အဓိမောက္ခ ။ ဆုံးဖြတ်ခြင်း လက္ခဏာရှိ၏ ။
ဥပမာ တရားသူကြီးနှင့်တူ၏။
ဝီရိယ ။ သမ္ပယုတ်တရားတို့ကိုထောက်ပံ့ခိုင်စေ
ခြင်း လက္ခဏာရှိ၏ ။
ဥပမာ အိမ်အိုကိုထောက်ကန်ထားသော
ကျားနှင့်တူ၏။
ပီတိ ။ နှစ်သက်ခြင်း လက္ခဏာရှိ၏ ။
ဥပမာ ကန္တာရခရီးကြမ်းဝယ် ရေကိုမြင်ရသူနှင့်တူ၏။
ဆန္ဒ ။ ပြုလိုကာမျှ လက္ခဏာရှိ၏ ။
ဥပမာ တွေ့ရာမြင်ရာကို လှမ်းဆဲချင်တတ်
သောကလေးငယ်နှင့်တူ၏။
မောဟ ။ အာရုံ၏သဘာဝအမှန်ကို
ဖုံးလွမ်းခြင်းလက္ခာရှိ၏။
ဥပမာ လကွယ် သန်းခေါင် မိုးမှောင် တောအုပ်ဟူသော အင်္ဂါလေးပါးနှင့်ပြည့်စုံ
သောအမိုက်မှောင်နှင့်တူ၏။
အဟိရိက ။ ကာယဒုစရိုက်စသည်မှ မစက်ဆုပ်ခြင်း တနည်း မရှက်ခြင်းလက္ခဏာရှိ၏ ။
ဥပမာ ရွာဝက်နှင့်တူ၏။
အနောတပ္ပ ။ ကာယဒုစရိုက်စသည်မှမလန့်ခြင်း လက္ခဏာရှိ၏ ။
ဥပမာ မီးကိုတိုးသောပိုးဖလံနှင့်တူ၏။
ဥဒ္ဓစ္စ ။ စိတ်မငြိမ်မသက်ခြင်း ပျံ့လွင့်ခြင်း
လက္ခဏာရှိ၏ ။
ဥပမာ ပြာပုံတစ်ခုထဲကျောက်ခဲပစ်ချလိုက်သည့်အခါ ထောင်းခနဲပြာတွေလွင့်တင်နေသည်နှင့်တူ၏။
လောဘ ။ အာရုံ၌တပ်မက်သောအားဖြင့်
ငြိကပ်ခြင်း လက္ခဏာရှိ၏ ။
ဥပမာ မြောက်နှဲစေးနှင့်တူ၏။
ဒိဋ္ဌိ ။ မှားသောအားဖြင့်နှလုံးသွင်းခြင်း
လက္ခဏာရှိ၏ ။
ဥပမာ ခရီးလမ်း မှားသူနှင့်တူ၏ ။
မာန ။ ထောင်လွှားခြင်း လက္ခဏာရှိ၏ ။
ဥပမာ တံခွန်မှန်ကင်းနှင့်တူ၏။
ဒေါသ ။ ကြမ်းတမ်းခြင်း လက္ခဏာရှိ၏ ။
ဥပမာ တုတ်လှံတံဖြင့်ခတ်မိသောမြွေဟောက်နှင့်တူ၏။
ဣဿာ ။ သူတစ်ပါးစည်းစိမ်ကိုငြူစူခြင်း လက္ခဏာရှိ၏ ။
ဥပမာ တိတ္ထိနှင့်တူ၏။
.www.damanadt.tlk
၁၆ ၁၂ ၂၀၁၄
ဝိဘဇ္ဇသွေး
No comments:
Post a Comment