Wednesday, December 17, 2014

မဟာ သရဏဂုံ တော်ကြီး

ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး၏ မဟာသရဏဂုံတော်ကြီး
ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် (၁၂၇၉)ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁)ရက်မှ တပေါင်းလကွယ်နေ့ အထိ မုံရွာမြို့အနီး ကြီးတွင်းကြီးတော ရတွင် ”မဟာသရဏ ဂုံတော်ကြီး”ကို (၅)လတိုင်တိုင် နေ့စဉ် မပြတ်ပူဇော်ခဲ့ရာ အကြိမ်ပေါင်း (၂၁၁၆၈ဝဝ) ၂သန်းကျော်မျှ အောင်မြင်ခဲ့ပါသည်။
ဆရာတော်ကြီး အောင်မြင်သော နေရာတွင် ရန်ကုန်မြို့၊ ကိုးထပ်ကြီးဘုရား၊ နဝဂုဏဗုဒ္ဓမာမက သာသနာပြု ပါရမီရှင်များ အသင်းက မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် မော်ကွန်းတင် ကမ္ဗည်းကျောက်စာတိုင်ကို (၁၃၅၇)ခုနှစ်၊ တပေါင်း လကွယ်နေ့ (၁၈၊၃၊၁၉၉၆) နေ့တွင် စိုက်ထူ လှူဒါန်းခဲ့ကြပါသည်။ မြတ်ဗုဒ္ဓဟောဖော်ညွှန်ပြသည့် သစ္စာလေးပါး၊ ကိစ္စလေးပါး၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်မှသည် တဏှာ(၆)ပါး၊ အကုသိုလ်တရားများ၊ ထို့နောက် ဝိသုဒ္ဓိ(၇) ပါး၊ ဝိပဿနာဉာဏ်စဉ်(၁ဝ)ပါး၊ ဗောဓိပက္ခိယ တရား(၃၇)ပါး၊ မဂ်ဉာဏ်၊ဖိုလ်ဉာဏ်မှတဆင်နိဗ္ဗာန်သို့မျက်မှောက်ပြုခြင်းတိုင်အောင် သရဏဂုံ(၃)ပါးနှင့် ထက်ချပ် မကွာ ယှက်နွယ်ပူဇော်ထားသည့် အပိုဒ်ပေါင်း(၁၆၇)၊ သရဏဂုံပေါင်း(၅ဝ၄) မျှပါဝင်သော ”မဟာသရဏ ဂုံတော်ကြီး”ကို လယ်တီဆရာ တော်ကြီး က ကိုယ်တိုင်လေးနက်စွာ ပူဇော်ပြီးမှ အများသိရှိ၊ ရရှိကြစေခြင်းငှာ ကျမ်းအဖြစ် ရေးသားပြုစုခဲ့ရာ (၁၂၈ဝ) ပြည့်နှစ်၊ ကဆုန်လပြည့်နေ့တွင် အောင်မြင်စွာ ပြီးစီး ခဲ့ပါသည်။
ထိုမဟာသရဏဂုံတော်ကြီးကို နှုတ်တက်ရွရွ ကျက်မှတ်ထားကြပြီးလျှင် ကြည်ကြည်ညိုညို၊ ရိုရိုသေသေ
သဒ္ဓါတရားဖြင်.ပွားများပါ၊ ရွတ်ဆိုနေပါ၊ အားလပ်သလို အထပ်ထပ်အခါခါ (၅)မိနစ်၊ (၁၀)မိနစ်၊ နာရီဝက်၊
တစ်နာရီ စသည်စွမ်းအားရှိသလောက် စိတ်ပါလက်ပါ ရွတ်နေပါက မိမိသန္တာန်မှာ ကုသိုလ်ဇောစိတ္တုပ္ပါဒ်တွေ အနန္တပေါင်းများစွာဖြစ်နေပါသည်။ ထိုအနန္တပေါင်းများစွာတွင် ယခုချက်ချင်းလက်ငင်း ဒိဋ္ဌအကျိုးပေးနိုင်သည်. ပထမဇောပေါင်းအနန္တလည်း ပါဝင်နေပါသဖြင်. ယုံယုံကြည်ကြည်နှင်. ရွတ်ဖတ်အားထုတ်ကြဖို. လိုပါသည်။ ကောင်းကျိုးတွေများစွာရမည်။
လောကီသက်သက် မျှော်မှန်းချက်တစ်ခုခုထားပြီး ရွတ်ဖတ်ခြင်း မလုပ်ပါနှင်.၊ မျှော်မှန်းချက်ထားခြင်း
ဟူသော တဏှာတရားက ကုသိုလ်တရားကို မမြင်.မြတ်စေဘဲ ညံ.ဖျင်းစေပါသည်။ မွန်မြတ်မြင်.မားသော
ကုသိုလ်တရားမျိုးဖြစ်အောင် ကြိုးစားပါ။ မိမိအကျိုးပေးတို.၏ သုခချမ်းသာအစစ်ကား နိဗ္ဗာန်ဖြစ်ပေသည်။
ထိုချမ်းသာစစ်၊ ချမ်းသာမှန် နိဗ္ဗာန်တရားတော်ကို လိုချင်ကြလွန်းလို. ဘုရားရတနာ၊ တရားရတနာ၊
သံဃာရတနာတည်းဟူသော သရဏဂုံသုံးပါးကို ဆည်းကပ်ကြခြင်းဖြစ်သည်။ ချမ်းသာအစစ်ကို
သဘောပေါက်လျှင် လိုချင်တပ်မက်မှု တဏှာကင်းသောစိတ်ဖြင်. ချမ်းသာအစစ် နိဗ္ဗာန်ကို ဦးတည်၍သာ
သရဏဂုံကို ဆောက်တည်ပါလေ။
credit to – Snap Shot Journal
- ပါဠိဆရာကြီးဦးအောင်တင်
- ပညာအလင်းပြစာပေ

No comments:

Post a Comment