Saturday, December 20, 2014

ဘဝသံသရာကို လောကဓမ္မတို့နှင့် နှိုင်းချင့်ဝေဘန်ခြင်း။


ဘဝဆိုသည်မှာ အမိဝမ်း၌ ကိုယ်ဝန်ပဋိသန္ဓေမှစ၍ သေဆုံးသည့်တိုင်အောင်အဆက်မပြတ်
်ဖြစ်နေသော ရုပ်နာမ်
တရားအစုကို ဘဝ ဟုခေါ်သည်။ ဖြစ်ပေါ်တတ် ကြီးပွါးတတ် ချမ်းသာမှု ဆင်းရဲမှု အမျိုးမျိုး ဖြစ်ပေါ်ကြောင်းကြီးပွါးကြောင်း
ဖြစ်သောကြောင့် ဘဝ မည်၏ ဟု ဘဝအဓိပ္ပါယ်ကို ဖွင့်ဆိုထား၏။
ဒဿန ဆရာများကလည်း
Life is nothing dut struggle
ဘဝဆိုတာ ရုန်းကန်လှုပ်ရှားခြင်း
Life is not a morning rose
ဘဝဆိုတာ နံနက်ခင်းနှင်းဆီပန်းမဟုတ်
စသည်ဖြင့် မိမိတို့နားလည်ထား
ရှိသည့်အတိုင်း ခံစားသိရှိထား
သည့်အတိုင်း ဘဝအဓိပ္ပါယ်ကို
ဖွင့်ဆိုကြ၏။

အဆက်မပြတ်ဖြစ်ပေါ်နေသော
ရုပ်နာမ်တရားအစုကို ဘဝ ခေါ်သည်ဟု သံသရာကိုရည်
ရွယ်၍ ဝိသုဒ္ဓိမဂ်ဋီကာဆရာ၏
အဆိုကိုရှု၍ လောက ဒဿန
အမြင်အားဖြင့် ဆိုရပါမူ
Life is along journey ဘဝ
ဆိုတာ ခရီးရှည်တစ်ခုပါ လို့
ဆိုရမည်ဖြစ်ပါသည်။
မှန်ပါသည်။ သတ္တဝါအားလုံး
သံသရာ၏ အဆုံးဖြစ်သော နိဗ္ဗာန်သို့ မရောက်နိုင်သေးသမျှ
ကာလပတ်လုံး ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဟူသော
အပါယ်လေးပါးဘဝ လူ့ဘဝ
နတ်ဘဝ ဗြာဟ္မာ့ဘဝ အားဖြင့်
ရှည်လျားထွေပြားသော ဘဝသံ
သရာခရီးကို ဆုံလည်တပ်နွား
ရဟတ်ချားပမာစုန်ဆန်ပြေးလွှား၍
နေကြဦးမည်သာဖြစ်၏။

သံသရာ ဟူသည်။

မြတ်ဗုဒ္ဓသည် ဘုရားဖြစ်တော်မူပြီးနောက် ပထမဆုံးကျူးရင့်တော်မူသည့်
အနေက ဇာတိ သံသာရံ ** စသော ပထမ ဗုဒ္ဓဝစန သည်ပင်
သံသရာနှင့်စပ်ဆိုင်သည့် စကားဖြစ်သည်။
မြတ်ဗုဒ္ဓသည်ဤသို့ကျူးရင့်ခဲ၏။
အို့ တဏှာ လက်သမား
သင့်ကိုမြင်နိုင်သည့် သဗ္ဗညုတဥာဏ်ကို မရနိုင်သဖြင့် ဘဝများစွာ သံသရာမှာ ငါ ကျင်လည်နေခဲ့ရပေသည်။
အို နာ သေ တရားတို့နှင့်ဆက်စပ်နေသဖြင့် အဖန်ဖန်ပဋိသန္ဓေနေရခြင်းက
ဆင်းရဲလှပါဘိ။
ယခုသင့်ကိုငါမြင်ပြီ။ သင်သည်
ခန္ဓာအိမ်သစ်ကိုပြုခွင့်ရတော့မည်မဟုတ်။ သင်၏ အိမ် အခြင်
အားလုံးကို ငါချိုးဖျက်ပြီးပြီ။
အိမ်အထွတ် (အဝိဇ္ဇာ) ကိုငါ
ဖျက်ဆီးပြီးပြီ။
ငါ့စိတ်ကား နိဗ္ဗာန်သို့ ရောက်ပြီ။
အရဟတ္တဖိုလ်တရားကို ငါရပြီးပြီ ဟူ၍ကျူးရင့်တော်မူ၏။
ဤသို့ အနေကဇာတိသံသာရံ
စသည်ဖြင့်ကျူးရင့်တော်မူသောစကား
တွင် ဘဝများစွာသံသရာမှာ ငါကျင်
လည်ခဲ့ရပေသည်**ဟူသောစကားရပ် အဖန်ဖန်ပဋိသန္ဓေနေရခြင်းကား ဆင်းရဲလှပါဘိဟူသောစကားရပ်ခန္ဓာအိမ်သစ်ကိုပြုခွင့် ရတော့မည်မဟုတ်ဟူ
သောစကားရပ်တို့သည် ဘဝ
ဆက်လက်ဖြစ်ပေါ်မှုဟူသော သံသရာနှင့် စပ်ဆိုင်သော စကားရပ်များဖြစ်သည်။
မြတ်ဗုဒ္ဓ၏ ဝါဒသည် သံသရာကို လက်ခံယုံကြည်သော ဝါဒဖြစ်ကြောင်း ထင်ရှားသည့် သာဓကတစ်ရပ်ဖြစ်သည်။
မြတ်ဗုဒ္ဓဝါဒ၏ အဓိကပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ရောက်လိုခြင်းသည်ပင် သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်လိုသောကြောင့်
ဖြစ်ကြောင်း သိသာလှပါသည်
ထို့ကြောင့် သံသရာကို လက်ခံ
ယုံကြည်မှု ဝါဒသည် မြတ်ဗုဒ္ဓဝါဒ၏ ကျောရိုးတူဝါဒပင်ဖြစ်၏။
မြတ်ဗုဒ္ဓသည် လေးသင်္ချေနှင့် ကမ္ဘ္ဘာတစ်သိန်းကာလကြာအောင်
ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့၏။ ဟုဆိုခြင်းကားထိုသံသရာ ခရီးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်းဖြည့်
ကျင့်တော်မူခဲ့ခြင်းဖြစ်သည်။
သံသရာရှိ၏ဟူသောယုံကြည်
်ချက်သည်မြတ်ဗုဒ္ဓ၏ဝါဒအတွက်အလွန်အရေးပါ၏။
ဤမေးခွန်းမျိုးကို မိလိန္ဒမင်းကြီးက ရဟန္တာ အရှင်နာဂသေနအား မေးလျှောက်ခဲ့ဘူး၏။
အရှင်နာဂသေန၏ အဖြေမှာ
မင်းမြတ်** ဤအရပ် ဤဘုံ၌
ဖြစ်၍ ဤအရပ် ဤဘုံ၌ပင်သေ၏။
ဤအရပ် ဤဘုံ၌ပင် သေ၍ တစ်ပါးသောအရပ် တစ်ပါးသောဘုံ၌ ဖြစ်ပြန်၏။ ထိုအရပ် ထိုဘုံ၌ သေ၍ တစ်ပါးသောအရပ် တစ်ပါးသောဘုံ၌
ဖြစ်ပြန်၏။မင်းမြတ်***ဤကား သံသရာ
ပင်ဖြစ်၏။ ဟု ဖြေဆိုတော်မူခဲ့သည်။



သာမန်မျက်စိဖြင့်မြင်တွေ့ရသောအရာဟူသမျှတို့၏သံသရာ။

ရာသီဥတုတို့၏ သံသရာကိုကြည့်ပါက နွေပြီးလျှင်မိုး မိုးပြီးလျှင်ဆောင်း
ဆောင်းပြီးလျှင်နွေ
နွေပြီးလျှင် မိုး ဟူ၍ ရာသီဥတုတို့သည်အဆက်မပြတ်
်သံသရာလည်ပတ်နေကြ၏့။
တစ်ဖန် နေ့ရက်များကိုကြည့်ပါက
နေ့ပြီးလျှင်ညဥ့် ညဥ့်ပြီးလျှင်နေ့ ဟု နေ့နှင့်ညတို့သည်အဆက်မပြတ်သံသရာ လည်ပတ်ကြ၏့။
သစ်ပင် ရေနှင့် သက်ရှိသတ္တဝါ
တို့ကိုကြည့်ပါကလည်း
သရက်စေ့မှ သရက်ပင်
သရက်ပင်မှ သရက်ပန်း
သရက်ပန်းမှ သရက်သီး
သရက်သီးမှ သရက်စေ့
သရက်စေ့မှ သရက်ပင် ဟူ၍
အပင်တို့သည်လည်း သံသရာ
လည်ပတ်နေကြ၏့။
အင်းရေ အိုင်ရေ သမုဒ္ဒရာရေ
တို့မှထွက်သော ရေငွေ့သည်
မိုးတိမ်မှ မိုးစက်
မိုးစက်မှ အင်းအိုင်သမုဒ္ဒရာရေ
အင်းအိုင်သမုဒ္ဒရာရေမှ ရေငွေ့
ရေငွေ့မှ မိုးတိမ်
မိုးတိမ်မှ မိုးစက် စသည်ဖြင့်
ရေနှင့် ရေငွေ့တို့သည်လည်း
သံသရာ လည်ပတ်ကြ၏့။
သတ္တဝါတစ်မျိုးစီကိုဆန်းစစ်ကြည့်ပါက ကြက်မ ကြက်ဖတို့မှကြက်ဥ
ကြက်ဥမှ ကြက်လေး
ကြက်ကလေးမှ ကြက်မကြက်ဖ
်ကြက်မကြက်ဖမှ ကြက်ဥ
စသည်တို့ဖြင့် ဂျာအေးသူ့အမေ ရိုက်သကဲ့သို့
ကြက်သံသရာလည်ပတ်နေ၏့။
တစ်ဖန် ယောက်ျားနှင့်မိန်းမတို့
ပေါင်းဖက်ကြရာမှ သန္ဓေသား
ဖြစ်လာ၏။
သန္ဓေနေ့ရက်စေ့၍ ဖွားမြင်သောအခါ ကလေးဖြစ်လာ၏။
ကလေးကြီးလာသောအခါမှ
လူငယ် လူရွယ် လူကြီးဟု
အဆင့်ဆင့်ဖြစ်ပေါ်လာ၏။
လူရွယ် လူကြီးဖြစ်ကြသော
ယောက်ျားနှင့်မိန်းမတို့ တစ်ဖန်
ပေါင်းဖက်ကြသောအခါ သန္ဓေသားဖြစ်လာပြန်၏။
သန္ဓေသားမှ ကလေး
ကလေးမှ လူကြီး ဤသို့
စသည်ဖြင့် လူသည်လည်း
မျိုးဆက်မပြတ်အောင် သံသရာ
လည်ပတ်နေပေ၏့။
ဤကားသာမန်မျက်စိဖြင့် မြင်တွေ့ရသော ရုပ်ဝတ္ထုတို့၏သံသရာလည်ပတ်ပုံကို
နမူနာမျှဝေဘန်ဆန်းစစ်ခြင်းဖြစ်ပါသည်။

ဥာဏ်မျက်စိဖြင့်သာတွေ့ရသောပရမတ္ထတရားတို့၏ သံသရာ


ခန္ဓာအာယတနဓာတ်တရားတို့၏ို့အဆက်မပြတ်ဖြစ်စဉ် သည်
သံသရာမည်၏ဟု အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဖွင့်ဆိုထားသည်။
ဤသို့လျှင်
လောက ဓမ္မ နှစ်ဖြာ သံသရာလည်ပုံကို စွမ်းနိုင်သမျှတင်ပြလိုက်ရပါ
ပေတော့သည်။

မှတ်ချက်=== ဤဘဝ သံသရာ
ဖွင့်ဆိုချက်စာကို အရှင်သုခေဓိတ ရေစကြို ၏
သာသနာ့တက္ကသီလဓမ္မာစရိယ B.A. ဘွဲ့ အတွက် တင်သွင်းသော လူ့ကံစွမ်းအင်နှင့်ဘဝသံသရာ
စာတမ်းမှရွေးချယ်ကူးယူတင်ပြပါသည်။


                          ဘုန်းဟေသီ              
                             ရေစကြိုမှ
                        ကူးယူပူဇော်သည်။
                           ၂၀ ၁၂ ၂၀၁၄



www.damanady.tk

No comments:

Post a Comment