Thursday, December 18, 2014

အားကိုးပါရစေ ကလေးရယ်

ချစ်​သမီး​မေ​လေး
ဦးဦးစာ​ရေးလိုက်​ပါတယ်​၊ဘာ​ကြောင့်​စာ​ရေးပြီး​ပြောရတာလဲဆို​တော့၊​လောကမှာ​ပြောပြစရာ​တွေတစ်​ပုံကြီးမို့ပါ။
အဲဒီထဲကသမီး​လေးသိသင့်​သိထိုက်​တဲ့အ​ကြောင်းအရာ​လေး​တွေကို​ရွေးချယ်​ပြီး​ပြောသွားမှာပါ။
လွန်​ခဲ့​သောဆယ်​နှစ်​ခန့်​က​​ပေါ့။
ဦးဦးခ​ပေါင်းမှာ​နေခဲ့စဉ်က​နွေရာသီ​ကျောင်းပိတ်ရက်တွေမှာယဉ်ကျေးလိမ္မာမင်္ဂလာသင်​တန်း​တွေဖွင့်​လှစ်​သင်​ကြား​ပေးခဲ့တယ်​။ဒီ​နေ့အထိလည်းနယ်​လှည့်​ပြီးသင်​ကြား​ပေးဆဲပါပဲ။
အဲဒီအချိန်​တုန်းက​မေးခွန်း​လေးတစ်​ခုလာ​​မေးတယ်​။ယဉ်ကျေးလိမ္မာသင်​တန်းက
က​လေး​တွေအတွက်​လား၊
လူကြီး​တွေအတွက်​လားတဲ့။
သင်ပေးတာတော့ကလေးတွေကိုအဓိကထားပြီးသင်​​ပေးခဲ့တာပါ၊ရည်​ရွယ်​ချက်​က​တော့က​လေး​ရော၊လူကြီးပါမကျန်​အားလုံးအတွက်​ပါပဲ။သစ်​ပင်​ဆိုတာ
ငယ်​တုန်း​ရွေ့စိုက်​မှရှင်​သန်​လွယ်​တာမို့လား၊လက်​နှီးစုပ်​ဘဝ​ရောက်​သွားရင်​​လျော်​ရဖွတ်​ရတာမလွယ်​​တော့ဘူး​လေ။က​လေး​တွေကပုဝါဖြူ​လေး​တွေ​လေ၊
အမဲစက်​​လေးစွန်းထင်းသွားလျင်​​တောင်​​လျော်​ရဖွတ်​ရလွယ်​ကူပါ​သေးတယ်​။
ဒါကြောင့်လည်းကလေးငယ်တွေကို
အဓိကထားပြီးစာသင်​​ပေး​နေရတာ​ပေါ့။
လူကြီးသူမတွေကိုသင်ပေးဖို့ဆိုတာ
မလွယ်​ကူဘူး​လေ၊လက်​နှီးစုပ်​​တွေကများလို့​ပေါ့၊​လျော်​နိုင်​ဖွတ်​နိုင်​မှ
တန်​ကာကျတယ်​။လျော်​လို့ဖွတ်​လို့မရ​တော့လို့ချောင်ထိုးထားရတာက
များတယ်​။မဃ​ဒေဝဆရာ​တော်​ကြီးက!
ဓမ္မသ​ဘော၊ဘယ်​လို​ဟောလည်း၊
လိပ်​​ကျော​ကြောင်​​ကော်​၊​ပြောင်​​ချော်​​ချော်​သို့၊ငယ်စဉ်ယုတ်မာ၊အိုကာဆိုးဝါး၊
လူအများသည်၊တရားမရနိုင်ကြပါတကားလို့​တောင်ငြီးတွား​တော်​မူရှာတယ်​သမီးရဲ့

လယ်တီဆရာတော်ကြီးကလည်း!
နွားအိုကြီးအ​မော့သင်​သလို၊မ​လျှော့လျင်​ဘဝဆုံးရှာလိမ့်​!ဆိုပြီးသတိ​ပေးရှာတယ်​​လေ။နွားအိုမှအ​မော့သင်​လို့မရ​တော့ဘူး။
နွားဆိုတာလှည်းဆွဲတာပဲဖြစ်​ဖြစ်​၊
ထွန်​ယက်​တာပဲဖြစ်​ဖြစ်​​မော့​မော့​လေးသွားနိုင်​မှတန်​ဘိုးရှိတာပါ။
ငုံ့ရုန်းတဲ့နွားကအဖိုးမတန်ပါဘူး။
အလကားနွားပါပဲ။ခေါင်း​မော့​မော့​လေးသွားတတ်ဖို့အတွက်ငယ်စဉ်ထမ်းပိုးကျင့်​စဉ်ကတည်းကအ​မော့သင်​ထားရတာ၊ကြီးမှအ​မော့သင်​လို့မရပါဘူး။
အဲဒါ​ကြောင့်​လည်း​ရောက်​​လေရာ​ဒေသတိုင်းမှာယဉ်ကျေးလိမ္မာသင်​တန်း​တွေပို့ချ​ပေး​နေရတာ​ပေါ့။
ဟိုတ​လောကသူငယ်​ချင်း​တွေနှင့်​အတူကျိုက်​ထီးရိုးဘုရား​ရောက်​ခဲ့တယ်​။ သူငယ်​ချင်း​တွေကဘုရားကို​ရွှေချဖို့​ရွှေဆိုင်း​တွေဝယ်​ကြတယ်​။ဦးဦးကဘုရား​ရွှေမချခဲ့ဘူး။လမ်းအတွက်​ပဲလှူခဲ့တယ်​။ သူငယ်​ချင်း​တွေက​မေးတယ်​၊ ဗုဒ္ဓဘာသာဝင်​ဖြစ်​ပြီးဘုရားကိုဘာလို့​ရွှေမချတာလဲတဲ့။ဦးဦးက​ပြောတယ်​။ ကိုယ့်​ခံယူချက်​နဲ့ကိုလုပ်​ပါ၊ကျုပ်​ခံယူချက်​ကို​ပြောရရင်​ဘုရား​တွေကို​ရွှေမချချင်​ဘူးလို့၊ဘာလို့လဲဆို​တော့ဘုရား​စေတီအတွက်​မလိုအပ်​​တော့ဘူးထင်​လို့​ပေါ့။ပြီးခဲ့​သောတစ်​ပတ်​ခန့်​က​ရွှေတိဂုံ​စေတီ​တော်​ကြီးကို​ရွှေ၂၄ပိဿာရှင်​ပြန်​ဆရာ​တော်​ကြီးလှူဒါန်းသွားတဲ့
အကြောင်းအင်တာနက်စာမျက်နှာများမှာဖတ်​လိုက်​ရ​သေးတယ်​။

မန္တ​လေးမဟာမြတ်​မုနိဘုရားကြီးမှာ
လည်းရွှေတွေငွေတွေလှူဒါန်းထားကြတာသမီးသိမှာ​ပေါ့။ဒီနိုင်​ငံဟာဗုဒ္ဓဘာသာနိုင်​ငံမို့ပါ။ဘာသာခြား​တွေလွှမ်းမိုးသွားတဲ့နိုင်​ငံဖြစ်​သွားခဲ့လျင်​ဘုရားကိုဖျက်​ဆီးပြီး​ရွှေ​တွေယူသွားကြမှာ​လေ။ဒါ​တောင်​ဘယ်​ဘုရားကိုခိုးသွားလို့၊ဘယ်​ဘုရားက​ရွှေခွာလို့ဆိုပြီးသတင်း​တွေကြားရ​သေးတယ်​မို့လား။အဲဒါ​ကြောင့်​လည်း​ရွှေတိဂုံဘုရားက​ဂေါပက​တွေ၊ မဟာမုနိဘုရားက​ဂေါပက​တွေ၊
ကျိုက်​ထီးရိုးဘုရားက​ဂေါပက​တွေအရှ​​င်​လတ်​လတ်​ပြိတ္တာ​တွေဖြစ်​​နေကြတာ​ပေါ့။ရွှေ​ငွေဆိုတာအလွန်​အန္တယ်​များလှပါတယ်​။ ဘုရား​စေတီ​တွေကို​ရွှေချ​ပေး​နေရုံနှင့်​အမျိုးဘာသာသာသနာ​ရေရှည်​မတည်​တံ့ပါဘူး။က​လေးငယ်​​တွေရဲ့နှလုံးသားကိုရွှေချပေးမှသာ
အမျိုးဘာသာသာသနာထာဝရတည်​တံ့နိုင်​ပါတယ်​။ဒါမှက​လေးတို့ရဲ့အနာဂတ်​ဘဝ​တွေ​ရွှေ​ရောင်​​တောက်​​နေမှာ​ပေါ့။
မဟာဂန္ဓာရုံဆရာ​တော်​ကြီးက-
က​လေးအရွယ်​၊လိမ္မာနှင့်​ပါမှ၊
ကြီးရင့်​ကလိမ္မာမည်​။မလိမ္မာပြည်​​ထောင်​စုကြလျင်​၊​ကောင်းဖို့မတည်​။က​လေးတို့​နေပြည်​၊တည်​​စေဖို့စိတ်​​စော။နံနက်​မင်္ဂလာနှင့်​၊​နေ့မကွာညည့်​ပါသုံးလို့ရယ်၊ ပြုံးကြ​စေ​သောလို့သတိ​ပေးထားသလို​ရွှေဥမင်​ဆရာ​တော်​ကြီးကလည်း=
က​လေးက​လေး၊အထင်​မ​သေးနှင့်​၊
က​လေးကလူကြီးဖြစ်​တာ၊
က​လေး​ကောင်းမှ
လူကြီး​ကောင်းမှာ၊
လူကြီး​ကောင်းမှအားလုံး​ကောင်းမှာ/ဆိုထားတာ​ပေါ့။တိုင်းပြည်​နှင့်​လူမျိုးဟာက​လေး​တွေရဲ့လက်​ထဲမှာပဲရှိတယ်။ဒီကလေးတွေယဉ်ကျေးလိမ္မာ​နေမှနိုင်​ငံနှင့်​လူမျိုးအသက်​ရှည်​မှာ၊က​လေး​တွေမိုက်​သွားကြပြီဆို​လျင်​​တော့နိုင်​ငံနှင့်​လူမျိုးတန်​ခိုးမထွားနိုင်​​တော့ပါဘူး။
ဒီ​နေ့တာဝန်​သိတာဝန်​ရှိတဲ့သူ​တွေကယဉ်​​ကျေးလိမ္မာသင်​တန်း​တွေပို့ချသင်​ကြား​ပေး​နေတယ်​ဆိုတာက​လေး​တွေရဲ့နှလုံးသားကို​ရွှေချ​ပေး​နေတာပါ၊နှလုံးသားကိုဘုရားတည်​​ပေး​နေတာပါ။ဒါမှသာအမျိုးဘာသာ
သာသနာတော်ကြီးကမ္ဘာတည်သရွေ့
တည်တံ့နေမှာပေါ့။အမျိုးဘာသာ
သာသနာတည်​တံ့ခိုင်​မြဲဖို့အတွက်
က​လေးတို့ရဲ့နှလုံးသားကို​ရွှေချထား
ချင်​တယ်​။တန်​ဘိုးရှိတဲ့နှလုံးသား​တွေဖြစ်​​စေချင်​တယ်​။ရွှေ​ရောင်​​တောက်​ပတဲ့နှလုံးသားပိုင်​ရှင်​​လေး​တွေဖြစ်​​အောင်​ယဉ်ကျေးလိမ္မာမင်္ဂလာသင်​တန်း​တွေ၊ ဓမ္မစကူးလ်​သင်​တန်း​တွေကိုချစ်​သမီး​မေ​လေးကြိုးစားပြီးတက်​​ရောက်​သင်​ကြား​ပါ။ယဉ်ကျေးလိမ္မာမင်္ဂလာသင်​တန်းတက်​​ရောက်​သင်​ကြားခြင်းဖြင့်​​ရွှေ​ရောင်​အနာဂတ်​ကိုပိုင်​ဆိုင်​နိုင်​ပါ​စေလို့
ဆု​တောင်းလိုက်​ပါတယ်​။
    မင်္ဂလာတရား​တော်​နှင့်​အညီယဉ်​​ကျေးလိမ္မာထူးချွန်​ထက်​မြက်​​သောသမီးအလိမ္မာ​လေးဖြစ်​ပါ​စေ။။။
 
                     
                                 ဦးဦးဝီရ (ခ​ပေါင်း)
                    www.damanady.tk

No comments:

Post a Comment