Thursday, December 18, 2014

ကျန်းဂန်လာအနာမျိုး ၉၆ ပါး

၁= မျက်စိ၌ ဖြစ်သောအနာ စက္ခု ရောဂ
၂= နား၌ဖြစ်သောအနာေ သာတရောဂ
၃= နှာခေါင်း၌ ဖြစ်သောအနာ ဃာနရောဂ
၎= လျှာ၌ဖြစ်သောအနာ ဇိဝှါရောဂ
၅= ကိုယ်၌ဖြစ်သော အနာ ကာယရောဂ
၆= ဦးခေါင်း၌ ဖြစ်သောအနာ သီသရောဂ
၇= နားရွက်၌ ဖြစ်သောအနာ  ကဏ္ဏရောဂ
၈= ခံတွင်း၌ ဖြစ်သောအနာ  မုခရောဂ
၉= သွားတကျင်နာ  ဒန္တရောဂ
၁၀= ချောင်းဆိုးနာ  ကာသ
၁၁= ကြို့ထိုးသောအနာ  သာသ
၁၂= နှာခေါင်းပုပ်သောအနာ  ပိနာသ
၁၃= ကိုယ်တွင်းပူသောအနာ  ဍာဟော
၁၄= ဖျားနာ   ဇရ
၁၅= ဝမ်း၌ဖြစ်သောအနာ  ကုစ္ဆိရောဂ
၁၆= မူးဝေသောအနာ  မုစ္ဆာ
၁၇= သွေးအန်သောအနာ  ပက္ခန္ဒိကာ
၁၈=ဝမ်းလေထိုးကျင်သောအနာ သူလာ
၁၉= ဝမ်းကျသောအနာ  ဝိသုစိကာ
၂၀= နူနာ ကုဋ္ဌ
၂၁= အိုင်းနာ မြင်းဖုစသောအနာ  ကဏ္ဌက
၂၂= ညှင်း တင်းတိပ်နာ  ကိလာသ
၂၃= အသွေးအသားခမ်းခြေ
ာက်သောအနာ  သောသ

၂၄= ဝက်ရူး ကြက်ရူး နတ်ဘီ
လူးဖမ်းစားသောအနာ အပမာရ
၂၅= ဝဲစိုကြီးနာ  ဒဒ္ဒု
၂၆= ဝဲခြောက်နာ ကဏ္ဌု
၂၇= ပွေးနာ  ကစ္ဆု
၂၈= လက်သည်းခြေသည်းဖြင့်
ခြစ်မိသောအနာ  နခါသော
၂၉=ခြေဖဝါးလက်ဖဝါးကွဲအက်သောအနာ ဝိတစ္ဆိကာ )  
၃၀= ပိတ်ကိုက်နာ သွေးသည်း
ခြေနာ   လောဟိတပိတ္တံ
၃၁= ဆီးချိုနာ  မဓုမေဟ
၃၂= အရည်ယိုသောအနာ (ဝါ)
ရိဖြူ ရိနီနာ  အသာ
၃၃= ကိုယ်ရောင်သောအနာ
ပိလကာ သောထ
၃၄=ဂရင်ဂျီနာဘင်နာဘဂန္ဓိုလ်နာ မြင်းသရိုက်နာ သွေးဒူလာ
ဘဂန္ဓလာ ထို ( ၃၄ ) မျိုးသောအနာတို့တွင် (၂၄ ၂၈ )
တို့ကို နှုတ်ပယ်လျှင် (၃၂) ပါး
သောအနာများကျန်သည်။
ထို (၃၂ )ပါးသောအနာတို့တွင်
လေကြောင့် ဖြစ်သောအနာ
သည်းခြေကြောင့်ဖြစ်သောအနာသလိပ်ကြောင့်ဖြစ်သောအနာ
ဟူ၍ ( ၃ )မျိုးစီ ဖြစ်နိုင်သော
ကြောင့် ၃၂ x၃=၉၆ ပါးသောအနာ ဟူ၍ ဖြစ်ပေါ်လာသည်။


မှတ်ချက် = လိုက်နာကျင့်သုံး
စရာ မဟုတ်သော်လည်း သိရှိ
နားလည်နိုင်ရန်အတွက် တင်ပြ
ရခြင်းဖြစ်ပါသည်။

                             ဘုန်းဟေသီ ရေစကြို

No comments:

Post a Comment