Sunday, December 14, 2014

မေတ္တာစေတနာကြီးမားရုံဖြင့်မပြီး

ဟောပြောသည့်ပုဂ္ဂိုလ်က မေတ္တာစေတနာအားကြီးစွာဖြင့် မည်မျှ ဟောပြော ဟောပြော နာယူသူပုဂ္ဂိုလ်၏
ပါရမီဓာတ်ခံကညံ့နေသော်လည်းကောင်း တိဟိတ်မဟုတ်ခဲ့သော်လည်းကောင်း
အနန္တရိယကံ နိယတမိစ္ဆာဒိဋ္ဌိ အခံရှိနေခဲ့သော်လည်းကောင်း မည်သည့်တရားထူးကိုမျှမရနိုင်ပေ ။
မိုးကုတ်ဆရာတော်ကြီးဦးဝိမလ၏
ပကတိသာဝကဥာဏ်အရာမှာ ပါရမီမလို
ဟူသော ဟောပြောချက်သည် ပါရမီအရေးမကြီးသကဲ့သို့ ဖြစ်နေပေသည် ။


ပါရမီမပါဘဲ သာဝကပါရမီဥာဏ်ကို
ရနိုင်သည်ဟူသော လွဲမှားသောအယူဆ
ကိုလည်း ဖြစ်စေပေသည် ။
မိုးကုတ်ဆရာတော်ကြီးဦးဝိမလ၏
ဤဟောပြောချက်ကို မိုးကုတ်ဓမ္မကထိကတိုင်းက ဟောနေသဖြင့် ကြားနာရသူတို့၏
အသိဥာဏ်ဝယ် ထိုလွဲမှားသော အယူအဆ စွဲကပ်နေမည်မှာသေချာပေသည် ။
ထိုကြောင့် မေတ္တာစေတနာအားကြီးရုံဖြင့်
မပြီး ဗုဒ္ဓ၏ ဟောတော်မူချက်နှင့်လည်း
ညီညွတ်မှသာ ပညာရှင်တို့ချီးမွမ်းဖွယ်
နှစ်သက်ဖွယ်ဖြစ်နိုင်သည် ။
သာသနာတော်အတွက်လည်း ကျေးဇူးများနိုင်ပေသည် ။
ဗုဒ္ဓ၏ဒေသနာတော်များနှင့် မညီညွတ်လျှင်ကား နှစ်သက်ဖွယ် မြတ်နိုးဖွယ် ဖြစ်မည်မဟုတ်ပေ ။
သာသနာတော်အတွက်လည်း တစ်စုံတစ်ခုသော အတိုင်းအတာအထိ
ဆိုးကျိုးဖြစ်စေနိုင်ပေသည် ။

ကောဇာသက္ကရာဇ် ၁၃၆၉ ခုနှစ် နိုင်တော်သံဃမဟာနာယကအဖွဲ့ထုတ်
မိုးကုတ်ဝိနိစ္ဆယ စာအုပ်
စာ ၃၀ မှ ကောက်နုတ်ချက်

ဝိဘဇ္ဇသွေး ကချင်မြေ
၂၈ ၈ ၂၀၁၄

No comments:

Post a Comment