အောက်ခြေပြတ်ပြီး ညိုးနွမ်းလို့ဖြစ်နေပြီ
ဖြစ်တဲ့တို့သာသနာ တို့မှမကယ်တင်ရင်
ဘယ်သူတွေလာကယ်တင်မလဲ။
တို့မြန်မာတွေမှအားမကိုးရရင်ဘယ်သူ
တွေကိုအားရပါမလဲ။ တို့ရဟန်းတော်တွေမှအားမကိုးရရင်
ဘယ်သူတွေအားကိုးလို့ရပါမလဲ။
တို့မြန်မာတွေတို့ရဟန်းတော်တွေညီညွတ်ချင်တယ်။သွေးစည်းချင်တယ်။ ဒီလိုညွတ်ဖို့သွေးစည်းဖို့ဆိုရာမှာလည်း
အသိချင်းအမြင်ချင်းတူမှသာခိုင်မြဲတဲ့ညီညွတ်ခြင်းသွေးစည်းခြင်းတွေဖြစ်မှာပါ။
ဒါမှလည်းအချင်းချင်းကအားကိုးလို့ရမှာပါ
သို့မဟုတ်ငြားအံ့ အားကိုးရဖို့ညီညွတ်သွေးစည်းကြဖို့မဖြစ်နိုင်ပါဘူး ဖြစ်ခဲ့သော် ခိုင်ခန့်မှုအားနည်းနေပါလိမ့်မယ်။
အားရှိမှလည်းသူတစ်ပါးကအားကိုးမှာပါ
အသိအမြင်တူမှလည်းညီညွတ်သွေးစည်း
လို့ရမှာပါ။
သာသနာအတွက်တကယ်အားကိုးရသူ
တစ်ယောက်ဖြစ်ဖို့ဘာတွေလိုအပ်လဲဆိုတော့ ပရိယတ္တိအရာ အမှားအမှန်ကိုရဲရဲတောက်တောက် ရှင်းရှင်းလင်းလင်းဆုံးဖြတ် သုံးသပ်နိုင်ဖို့
လိုပါတယ်။ သာသနာအပေါ်တကယ့်ကို
သဒ္ဓါတရားရှိဖို့လည်းလိုအပ်ပါတယ်။
ပရိယတ်မအောင်မြင်သော် ပဋိပတ်အရာ
အောင်မြင်သူဖြစ်ရမယ်။ ဒီအချက်တွေနဲ့မှ
တကယ်မပြည့်စုံသေးရင်တော့
သာသနာအတွက်တကယ်အားကိုးရသူ
တစ်ယောက်ဖြစ်ဖို့မလွယ်သေးပါဘူး။
မေတ္တာ စေတနာကြီးမားရုံဖြင့်မပြီးသေးပါဘူး။
မြတ်စွာဘုရား၏မြတ်ဓမ္မကိုတကယ်သိကျွမ်းတတ်မြောက်ပြီး တကယ်သဒ္ဓါတရားထက်သန်သူဖြစ်မှ
ရပါလိမ့်မည်။ သို့မဟုတ်ခဲ့သော် မြတ်ဓမ္မအရာမှာအမှားကိုအမှန် အမှန်ကိုအမှားစသဖြင့် သုံးသပ်တတ်ပါသည်။ အသိမှားတွေဖြန့်
ဝေမိတတ်ပါသည်။ သည့်အတွက် မြတ်ဗုဒ္ဓအာဘော်ကိုတကယ်သိဖို့ပညာလိုအပ်ပါသည်။ အများအကျိုးပြုရာမှာ
တကယ်အစစ်မှန်ဖြစ်ဖို့ အနှစ်နာခံလုပ်နိုင်ဖို့ခိုင်မြဲဖို့ သဒ္ဓါကလိုအပ်လာပြန်ပါသည်။
အားလုံးကိုအနှစ်ချုပ်လိုက်တော့ လူတိုင်းမှာ တကယ့်ကိုရှိသင့်ရှိထိုက်တဲ့တရားက
သဒ္ဓါနဲ့ပညာဖြစ်ပါသည်။
သဒ္ဓါဆိုတာကတော့ ယုံကြည်မှုပါပဲ။
လူအများဆုံးသိထားတဲ့ယုံကြည်မှုက
ဘုရားဟောသဒ္ဓါတကယ့်သဒ္ဓါအစစ်မ
ဟုတ်သေးပါဘူး။ အကြောင်းမှာ ယုံတော့ယုံတယ် နတ် စတာတွေပါပါတယ်။ အဲ့ဒီယုံကြည်မှုက
ယုံသာယုံရတယ် စိတ်ထဲမှာတကယ်ကြည်လင်မှု ငြိမ်းချမ်းအေးမြမှုကိုမရတဲ့အတွက်
ကြောင့်ပါပဲ။ ဒါကြောင့်ဘုရားဟောတဲ့သဒ္ဓါအစစ်မဟုတ်ဘူးလို့ပြောရတာပါ။ မိမိကိုယ်မိမိပြန်လည်စစ်ဆေးဖို့တကယ်လိုအပ်ပါသည်။ ဘုရားဟောတဲ့တကယ့်သဒ္ဓါအစစ်က
တော့ ကျေးဇူးတရားတွေ အမှန်တရားတွေကိုယုံတယ် ထို့ကြောင့်လည်း စိတ်ထဲတကယ်ကြည်လင်မှုငြိမ်းချမ်းအေး
မြမှုကိုရတယ်။ဒါမှတကယ့်သဒ္ဓါအစစ်ပဲ ။ သဒ္ဓါစစ်လား အတုလားသိချင်ပါတယ်ဆို
ရင်တော့ စစ်ဆေးလို့ရပါတယ်။ လွယ်ပါတယ်။ မိမိယုံကြည်မှုသဒ္ဓါဖြစ်တဲ့အခါ တကယ်ရောစိတ်ထဲကြည်လင်ငြိမ်းအေး
မှုရသလား ဒါမှမဟုတ် ကြောက်စိတ်တွေဖြစ်ပေါ်နေသလား
သံသယတွေအားကြီးနေသလား
ကြောက်စိတ်လည်းဖြစ် သံသယလည်းအားကြီးနေမယ်ဆိုရင်တော့ တကယ့်သဒ္ဓါအစစ် မဟုတ်သေးဘူး မြတ်စွာဘုရားဟောတဲ့သဒ္ဓါမဟုတ်သေး
ဘူးလို့ရဲရဲကြီးဆုံးဖြတ်ချက်ချလိုက်ပါ။
မိမိဟာတကယ်သာသနာတွင်းကလူမဟုတ်သေးဘူးလို့လည်းသိလိုက်ပါတော့။
ကမ္ဘာမှာရှိတဲ့ဘာသာအားလုံးဟာ
ယုံကြည်မှုတစ်ခုနဲ့တည်ဆောက်ထားတာ
ပါ။ လမ်းလွဲတော့လည်း အဲ့ဒီယုံကြည်မှုမှာလမ်းလွဲသွားကြတာပါပဲ။ မြန်မာလူမျိုးတွေလည်းဒီသဒ္ဓါ
အကြောင်းတကယ်နားမလည်ကြတော့
တန်ခိုးဣဒ္ဓပါဒ်နေရာမှာပဲအချိန်ကုန်ပြီး
လမ်းလွဲသွားကြတယ် လမ်းလွဲနေကြတယ်။ မြတ်စွာဘုရားအလိုတော်က သဗ္ဗညုတဥာဏ်တော်ကိုယုံကြည်စေချင်တာပါ ယုံကြည်ရမှာပါ။ တန်ခိုးဣဒ္ဓပါဒ်အရာမဆိုပါဘူး။ ဒါပေမယ့်
လူတွေက ဥာဏ်တော်ထက် တန်ခိုးဣဒ္ဓပါဒ်နောက်ပါသွားကြပါနေကြတော့ အမှားကမ္ဘာမှာယောင်ချာချာလည်
နေကြရတာပေါ့။ တန်ခိုးဣဒ္ဓပါဒ်ကမယုံရဘူးမဆိုပါဘူး
သာမညထားရမည့်အရာပါ ခုတော့
အဓိကဦးစားပေးစနစ်လိုဖြစ်နေတော့
အမှားတွေ သံသယတွေဟာ လူတွေမှာများပြားလို့နေပါတယ်။
သဒ္ဓါအစစ်တွေအားနည်းသွားသရွေ့သာသနာလည်းအမြန်ကွယ်ပျောက်ရမှာပါပဲ။
အကြောင်းမှာ သာသနာတရပ်လုံးကို
သဒ္ဓါအစစ်ကအခြေခံထားသောကြောင့်ပါ
ပဲ။ မကြာခင်ကနိုင်ငံတော်သမ္မတ မယုံကြည်လို့ဆန္ဒပြသလို လုပ်လာကြရင်
မတွေးဝံ့စရာ ဒါပေမယ့် သာသနာကို
ဥပဒေနဲ့ တနည်း ၂၉၅ ၂၉၅-(က) တွေနဲ့
ကာကွယ်ထားလို့သာ လူတွေကမပြောရဲ
မဆိုရဲနဲ့ ကြိတ်မှိတ်နေကြတာပါ နို့မို့ကတော့ အော်ပြီးတာကြာပါပြီ။
ဒီဥပဒေကြားထဲကကို မခံနိုင်လို့အောင့်ကွဲ
တာတွေလည်းတွေ့ရပါသေးတယ်။
အောင့်ကွဲရမှာပေါ့ ရင်ထဲမှ တကယ့်ယုံကြည်မှုသဒ္ဓါမရှိသေးတာပဲ။
ရင်ထဲရောက်ဖို့တကယ့်ကိုအရေးကြီးပါတယ်။ အဲ့တော့တကယ့်သဒ္ဓါတရားရင်ထဲတ
ကယ်ရောက်အောင်ဘယ်လိုလုပ်မလဲ။
အလိုလိုတော့ဖြစ်ပေါ်ဖို့မလွယ်ပါ။ သူတို့တွေကိုအသိပညာပေးဖို့လိုအပ်လာပါတယ်။ ပြီးတော့ စိတ်ဝင်စားအောင်
ဟောပြော စည်းရုံးဖို့လိုအပ်လာပါတယ်။
သာသနာတကယ်အောက်ခြေမပြတ်ဖို့
ရှင်သန်ပြန့်ပွားဖို့ဆိုရင် တကယ့်သဒ္ဓါနဲ့
တကယ့်ပညာဖြစ်အောင်ပြုလုပ်ဆောင်ရွက်သွားကြဖို့ပါပဲ။ သဒ္ဓါတကယ်စစ်ဖို့ကလည်းပညာစစ်မှဖြစ်မှာမို့ပညာစစ်ဖို့ သု စိ ပု ဘာ ဝိ လိ သိ ဓာ အက္ခာရှစ်လုံးအမြဲသုံးပြီး မြတ်စွာဘုရားတည်ထောင်တော်မူခဲ့တဲ့ တို့ရဲ့သာသနာတော်မြတ်ကြီးကို ခုနှစ်ပေါင်း ၂၆၀၂ မှစ၍ သန့် တည် ပွား
ဒီသုံးချက်ဖြင့်မြှင့်တင်ကြပါစို့လာ့း
သူတော်ကောင်းတို့ရေ ။
ဝိဘဇ္ဇသွေး
၁၆ ၁၂ ၂၀၁၄
No comments:
Post a Comment