ဒယ်အိုးဦးဇင်း သြဝါဒခံယူပွဲကာလက
ဟင်္သာတမိုးကောင်းဆရာတော်ကြီး၏
သြဝါဒလေးမှတ်သားခဲ့ရဖူးပါတယ်။
ဒီနေရာမှာ ဒယ်အိုးဦးဇင်းလို့ဘာလို့သုံးနှုန်း
ရလဲဆိုတော့ မထေရကြီးတွေမဟုတ်ရင်
ဆရာတော်လို့တပ်မခေါ်ဖို့ ပခုက္ကူဆရာတော်ဦးသောဘန၏အဆုံးမကိုလိုက်နာသောကြောင့်သုံးနှုန်းရခြင်း
ဖြစ်ပါသည်။ သို့ ရဟန်းရှင်လူအများစုက
အသက်ငယ်ရဟန်း သာမဏေများကိုလည်း ဆရာတော်ဟုသုံးနှုန်းနေကြပါသည်။
ပြီးတော့လည်း အဆုံးမလေးတစ်ခုက
ဆရာတော်ကြီးတွေရှေ့ရောက်လို့
ဘွဲ့ထည့်လျှောက်ရရင် ဦး ဆိုတာထည့်မလျှောက်ရဘူး ။ တပည့်တော် ပညာသိရီပါ စသဖြင့်သုံးနှုန်း
ဖို့ဆုံးမဖူးပါ၏ ဒါကြောင့်ပဲ အသက်ငယ်ကို
အကြောင်းပြု၍ ဒယ်အိုးဦးဇင်းလို့သုံးနှုန်း
ရပါသည်။ ထိုဟင်္သာတမိုးကောင်းဆရာတော်ကြီး၏
သြဝါဒလေးမှာဤသို့ဖြစ်သည်။
ခရီးများများသွားသောသူသည် ခလုပ်တိုက်မိတတ်၏ ။
ခလုပ်တိုက်မှာကြောက်၍ ခရီးမသွားလျင်
လိုမရောက်ရုံရှိမည် ။
ခလုပ်ဆိုတာတော့ ဒီနေရာမှာ အထက်လူနဲ့အောက်လူကိုဆိုလိုတာပါတဲ့။
ဝိဘဇ္ဇသွေးကချင်မြေ
၈ ၁၂ ၂၀၁၄
No comments:
Post a Comment