
ချီးမြောက်ခြင်းသက်သက်သာဖြစ်ပါတယ်။ မင်းသားလေးတစ်ဦးကို မုဒ္ဓါဘိသိက်သွင်းလိုက်သည့် သဘောမျိုးသာဖြစ်တယ်။ အဲ့ဒီမင်းသားလေး မင်းအဖြစ်ရောက်ပြီးမှ
ဝန်ကြီးဌာနစာရင်းရှု့ပြီး အော် ငါပိုင်တာ
တွေဒီလောက်များပါလားလို့သိလာသလို
ရဟန်းဘဝရောက်ပြီးမှ ပိဋကတ်သုံးပုံ
စေ့စုံအောင်လိုက်စားသောအခါမှ ငါပိုင်သည့် အရိုက်ရာ ငါ့ဥစ္စာတွေဟာ
ဒါတွေ ဒါတွေ အကုန်ပါလားလို့သိရမှာဖြစ်ပါတယ်။
ဒီတော့မရသေးရင်ကျက် ရပြီးလျင်ပြန် အနက်အဓိပ္ပါယ် ဘုရားအာဘော်သိအောင် အဋ္ဌကထာ ဋီကာနှင့် နိဿယများ ဘာသာပြန်များ
လေ့လာလိုက်စား၍ဆုံးဖြတ် သိမြင်သည့်
အတိုင်းတသွေမတိမ်းလိုက်နာကျင့်သုံး။
ဒီကျတော့မှ ကိုယ်တော်သာသနာတွင်းရောက်ပြီမှတ်ပါ။
ကိုယ်တော်အခု သိက္ခာပုဒ်ဘယ်နှစ်ခုလောက် ဓုတင်ဘယ်နှစ်ပါးလောက်ဆောက်တည်
ကျင့်သုံးဖူးပြီလဲ။
ဥပမာ ငွေမကိုင်ရ ဘိနပ်မစီရဆိုတဲ့သိက္ခာပုဒ်အသေးစားတွေ စဉ်းစားကြည့်။ ဓုတင်မှာလည်း
ပိဏ္ဍပါတ်ဓုတင် ပတ္တပိုင်ဓုတင် အဗ္ဘောကာသိကဓုတင် ရုက္ခမူဓုတင်
စသည်များ ဘယ်နှစ်ခုလောက်လိုက်နာကျင့်သုံးဖူးပြီလဲ။ တစ်ခုမှမကျင့်ဖူးသေးရင် ကိုယ်တော်
သာသနာတွင်းသား ဘယ်ရောက်ဖူးသေးလို့လဲ။
စဉ်းစားကြည့် သန္ဒိဋ္ဌိကော အစရှိသော
တရားဂုဏ်တော်တွေ သမ္ဖပ္ပလာပဝါစာ
အဓိပ္ပါယ်ကင်းမဲ့စွာဟောထားသည်လို့
ကိုယ်တော်ထင်နေသလား။
သာသနာတော်ကြီးကပျင်းစရာမကောင်းပါဘူး။ကိုယ်တော်ကအသုံမကျလို့
ပျင်းစရာကောင်းနေတာမဟုတ်လား။
နောက်ဘယ်တော့မှ တပည့်တော်ကြားအောင် သာသနာတော်ကြီးကပျင်းစရာကောင်းလိုက်တာလို့ မငြီးနဲ့တော့။
မှတ်ချက်။ ဦးမဏ္ဍလာသိရီက သူငယ်ချင်း
ဦးအာစိဏ္ဏကိုခုလိုပြောလိုက်ရာ ခံပြင်းစိတ်ဖြင့် တရားအားထုတ်လိုက်တာ
၃ လကျော်သောအခါ မိုးကုတ်ကြတ်ပြင်မှ
စာပို့ခိုင်းပြီး ဒုတိယရက်ရောက်တော့
ဘိတ်မြို့မှ မုံရွာသို့စာရောက်လာပြန်ပါသည်။
မိုးကုတ်နှင့်ဘိတ်ကိုတစ်ညတည်းသွား၍
မဖြစ်ပါ။ ဒါငါ့ကိုသတိရ၍ပညာသားပါပါ
သတင်းပို့ပေးသကို့း။
မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးပျံတော်မူသည့်အထိမ်းမှတ် စာအုပ် စာ-၃၀
www.damanady.tk
No comments:
Post a Comment