
စေတနာဇောအားကြီးမှုကြောင့် အပြောကြမ်းသလိုဖြစ်သွားခြင်း
ယောဂီများကစွမ်းနိုင်သမျှလှူဒါန်းခြင်းများနဲ့စပ်လျင်းပြီးပြောသွားတာလေးပါ။
ခင်များတို့ထက်မြတ်လို့ဘုန်းကြီးလုပ်နေတာ ခင်များတို့ကလှူဘွယ်ဝတ္ထုပစ္စည်း
လှူကြတယ်။အဲ့ဒါကာမာဝစရကုသိုလ်ကံ
အကျိုးပေးရင် ကာမသုဂတိ၇ဘုံ အလွန်ဆုံးနတ်ပြည်ခြောက်ထပ်ပဲ။ကျုပ်တို့ကတော့ခင်များတို့ကို သာသနာထောက်ပံ့ကြတဲ့ ကျန်းမာပါစေ။ချမ်းသာပါစေ အန္တရာယ်ကင်းကြပါစေဆိုပြီးမေတ္တာပွား
တယ်။မေတ္တာဆိုတာ ဗြဟ္မဝိဟာရတရား
ဗြဟ္မစိုရ်တရား ဒါကြောင့်ကျုပ်တို့ကဗြဟ္မပြည်ရောက်နိုင်တယ်။ခင်များတို့ထက်မြတ်ပြီးသား
တဲ့။ သူပြောသွားတဲ့စကားလေးကြားရတော့
ဟုတ်နိုင်တယ်။ဒကာဒကာမတွေအပေါ်မှာမေတ္တာတရားပွားသင့်တယ်။ပွားရမယ်လို့သတိချပ်မိသွားတယ်။ဒို့သာသနာ့ဝန်ထမ်းတွေဟာ လူဒကာဒကာမတွေထက်
သာကိုသာတယ် မြတ်ကိုမြတ်တယ်။
မေတ္တာတရားရင်မှာအခါခါပွားဖူးသော
ကြောင့်လည်း မှန်ကိုမှန်ရမယ်လို့ယုံကြည်ပြီး ပီတိဖြစ်
အားတက်မိပါတယ်။လှူတဲ့သူကလှူတယ်။အလှူခံပုဂ္ဂိုလ်ကကျန်းမာပါစေ ချမ်းသာပါစေလို့မေတ္တာပွားတယ်။ဒါဖြစ်ရိုးဖြစ်စဉ်ပါသတိမချပ်မိကြလို့သာပါ။
တကယ်တော့သာသနာ့ဝန်ထမ်း
ရှင်ရဟန်းတွေဟာဘဝပေးအခြေနေအရရော လုပ်နေတဲ့လုပ်ငန်းအရရော မျှော်လင့်ချက်ပန်းတိုင်ပါ အရာရာသာ၍
မြင့်မြတ်လှပါကြောင်း ခိုင်လုံတဲ့ သင်္ဂဟကျမ်းလာအထောက်ထားလေး
တင်ပြရင်းဖြင့် နိဂုံးချုပ်ပါရစေ။
ကာမာဝစရကုသလမ္ပိ ကာမသုဂတိယမေဝ ပဋိသန္ဓိံ ဇနေတိ
တထာ ပဝတ္တိယဉ္စ မဟာဝိပါကာနိ
အဟေတုကဝိပါကာနိ ပန အဋ္ဌပိ
သဗ္ဗထာပိ ကာမလောကေ ရူပလောကေစ ယထာရဟံ ဝိပစ္စတိ။
ဘုန်းဟေသီ ရေစကြို
၁၆ ၁၂ ၂၀၁၄
www.damanady.tk
No comments:
Post a Comment