Tuesday, December 16, 2014
ခေတ်ကာလ ရဟန်းတော်များဆုပေးရခြင်းအကြောင်း
ရဟန်းတော်များဆုပေးရခြင်းမှာ အလှူရှင်များအနေဖြင့် လောကီအာရုံခံစားမှု တဏှာစွဲဖြင့်ဆုတောင်းပါက ဆုတောင်းမှားတတ်သဖြင့် ဆုတောင်းမမှားကြစေရန်ဖြစ်သည်။
ဆုတောင်းမှုနှင့်သိမှတ်ဘွယ်ရာတွေက
၁ ။ တဏှာပတ္ထနာ လောကီအာရုံကာမဂုဏ်ပြည့်ဝရေး
ဆုတောင်းခြင်း
၂ ။ ကုလစ္ဆန္ဒပတ္ထနာ ကုသိုလ်ကောင်းမှုကို
လိုလားသောဆန္ဒဖြင့်ဆုတောင်းခြင်း
ဟုနှစ်မျိုးရှိသည်။
ကုသိုလ်ကောင်းမှုတိုးပွားရေးဆုမျိုးကို
သာ တောင်းသင့် ပေးသင့်ပေသည်။
ကုသိုလ်ကောင်းမှုပြုပြီးသောခါ
ဆုတောင်းမှုမပြုပါက လိုသောဆု
မိမိလိုသောအကျိုးကိုမရနိုင်ကြောင်းကို
အဋ္ဌကထာတို့၌အတိအကျညွန်ပြထားပါသည်။ ဆုတောင်းမှားက ဒုက္ဓများတတ်ပါသည်။
ခုဒ္ဒက ပါဌ အဋ္ဌကထာ ၁၉၁
ဝိဘဇ္ဇသွေး ကချင်မြေ
၁၅ ၁၂ ၂၀၁၄
Subscribe to:
Post Comments (Atom)
No comments:
Post a Comment