Friday, December 19, 2014

နမော တေ ဂါထာတော်



နမော တေ ဗုဒ္ဓ၀ီရတ္ထု ၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ၊
သမ္ဗာဓပ္ပဋ္ဋိန္နောသ္မိ ၊ တဿ မေ သရဏံ ဘ၀။
အဓိပ္ပာယ်
ရဲရင့်တည်ကြည် ဇာနည်မည်သော ကြီးမားသောလုံ့လရှိတော်မူသော ဗုဒ္ဓရှင်တော်မြတ်ဘုရား၊ ရှင်တော်မြတ်ဘုရားအား နမော ရှိခိုးခြင်းဖြစ်ပါစေ။

ရှင်တော်မြတ်ဘုရားသည် ခပ်သိမ်းလုံးစုံ ကျဉ်းမြောင်းခြင်းမှ လွတ်မြောက်တော်မူသည် ဖြစ်တော်မူပါပေ၏။
သံသရာ ဝဲဂယက်မှ ဖယ်ထွက်လို၍ ကြံတွေးရည်မျှော် တပည့်တော်သည် ကျဉ်းမြောင်းကြပ်တည်း လွန်ဆင်းရဲသည့် ဝဲသြောဃ ရေစုန်၌ နစ်မြှုပ်၍ နေရပါသည်။
သံသရာဘောင်အတွင်းမှ လွတ်ကင်းရာမျှော် ထိုဘုရားတပည့်တော်အား ဆည်းကပ်လဲလျောင်း၊ပုန်းအောင်း၊ မှီတွယ် ကိုးကွယ်ရာသည် ဖြစ်တော်မူပါအရှင်ဘုရား။
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

No comments:

Post a Comment