Sunday, December 14, 2014

စိတ်ဓာတ်နဲ့ကိုယ်ကျင့်တရား တည်ကြည်တဲ့ ထေရိကာ- ရဟန္တာထေရီမ။

         ဂေါတမ မြတ်စွာဘုရားရှင် လက်ထက်တော်က စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရား တည်
ကြည်ခိုင်မာတာကို အကြောင်းပြုပြီး “ ထေရီကာ ” လို့ ခေါ်တဲ့ မင်းသမီးဟာ ဝေသာလီပြည်မှာ
ရှိခဲ့ပါတယ်။ အရွယ်ရောက်တဲ့အခါ အမျိုးဇာတ်တူတဲ့ မင်းသားတစ်ယောက်နဲ့ ထိမ်းမြားလက်
ထပ်ပြီး လင့်အပေါ်မှာ ပြုရမယ့် မယားဝတ္တရား ကျေပြွန်တဲ့ မိန်းမကောင်းတစ်ဦး အဖြစ်နဲ့ နေခဲ့

ပါတယ်။
         မြတ်စွာဘုရားရှင် ဝေသာလီကို ကြွလာပြီး တရားဟောတဲ့အခါ တရားနာရတဲ့အတွက်
ဘိက္ခုနီမ ပြုလုပ်ဖို့ လင်ယောက်ျားကို ခွင့်တောင်းပေမယ့် အခွင့်မရတဲ့အတွက် အိမ်မှာ လင့်ဝတ္တ
ရားနဲ့ အိမ်မှုကိစ္စတို့ကို လုပ်ကိုင်ဆောင်ရွက်ရင်း သတိပဌာန်တရား၊ ၀ိပဿနာတရားတို့ကို ပွား
များ ရှုမှတ်နေပါတယ်။
         တရားအားထုတ်နေတယ်ဆိုပေမယ့် အချိန်တစ်ချိန်ယူပြီး တစ်နေရာရာမှာထိုင်ရင်း ရှု
မှတ်နေတာမျိုး မဟုတ်ပါဘူး။ မိမိ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလုပ်အာရုံတို့ကိုပဲ သတိနဲ့ရှုမှတ်
ရင်း အရှုခံဝတ္ထုများနဲ့ ဒီအာရုံတွေကို သိသိနေတဲ့ နာမ်တရားတို့ရဲ့ အချိန်တိုင်း ပြောင်းလဲဖေါက်
ပြန်နေတဲ့ သဘောကို သတိမလပ်အောင် ကြည့်ရှုဆင်ခြင် နေတာပါ။
         တစ်နေ့တော့ မီးဖိုချောင်မှာ ချက်ပြုတ်နေရင်း မီးဖိုပေါ်တင်ထားတဲ့ အိုးပူထဲကို    ဟင်း
ရွက် လတ်လတ်ဆတ်ဆတ်ကလေးတွေ ထည့်လိုက်တော့ ညှိုးနွမ်းကြေကျက်သွားတာကိုမြင်ပြီး
ဖြစ်ပျက်ပြောင်းလဲတတ်တဲ့ သဘောကို ဉာဏ်အမြင်နဲ့ပါ ထင်ထင်ရှားရှားကြီး သိမြင်သွားတဲ့အ
တွက် မဂ်သုံးဆင့်လုံးကို တဏှာမခြားဘဲ သိမြင်ပြီး အနာဂါမ် အရိယာ အဆင့်အထိ ရောက်သွား
ပါတယ်။
         အနာဂါမ် အရိယာအဆင့် ရောက်တဲ့အခါ အာရုံငါးပါးတို့ကို တပ်မက်တဲ့ ကာမရာဂနဲ့ သူ
တစ်ပါးကို ပျက်စီးစေလိုတဲ့ ဗျာပါဒတရားတို့ကို အကြွင်းမဲ့ ပယ်စွန့်ပြီး ဖြစ်သွားလို့ မိမိကိုယ်ကို
လည်း ၀တ်ကောင်းစားလှတွေ ဆင်မြန်းခြင်း၊ ပန်းနံ့သာတို့နဲ့ လိမ်းကျံချယ်သခြင်း မပြုလုပ်
တော့ဘဲ ရှောင်ရှားနေခဲ့ပါတယ်။
         ခင်ပွန်းယောက်ျားက မေးမြန်းကြည့်တဲ့အခါ အကြောင်းစုံကို သိရတဲ့အတွက်   ၀ိသာခ
သူဌေးက ဓမ္မဒိန္နာကို ရွှေထမ်းစင်နဲ့တင်ပြီး ဘိက္ခုနီမကျောင်းကို ပို့သလို ထေရီကာကိုလည်း သူ့
ခင်ပွန်းက ရွှေထမ်းစင်နဲ့တင်ပြီး ဂေါတမီထေရီမကြီးထံ ပို့ဆောင်ကာ ဘိက္ခုနီမ ပြုစေခဲ့ပါတယ်။
         မြတ်စွာဘုရားထံ ရောက်တဲ့အခါ ဘုရားရှင်က “ ထေရီကာ သင့်မှာ ညီးညီးထိန်ထိန် အပူ
ရှိန်ပြင်းတဲ့ လင်ပူ၊ သားပူဆိုတဲ့ အပူတွေလည်း ကင်းဝေးပြီ။ ဒီ အပြင်မီးတွေကို အကြောင်းပြုပြီး
ဖြစ်ပေါ်လာရတဲ့ ကြောင့်ကြ ဗျာပါဒစတဲ့ အတွင်းမီးတွေလည်း မဖြစ်ပေါ်တော့ဘူး။ ချမ်းချမ်းသာ
သာ အိပ်စက်နားနေပါတော့ ” ဆိုတဲ့ တရားစကားတော်ကို သတိထား နှလုံးသွင်းပြီး နာယူဆင်
ခြင်ရင်း တရားဒေသနာ အဆုံးမှာ ပဋိသမ္ဘီဒါ လို့ခေါ်တဲ့ ထိုးထွင်းသိမြင်စရာ အားလုံးကို ထိုးထွင်း
သိမြင်တဲ့  ဉာဏ်လေးပါးနဲ့အတူ  အဘိဉာဏ်ခြောက်ပါးနှင့်ပါ ပြည့်စုံတဲ့ ရဟန္တာထေရီမ  အဖြစ်
ရောက်ခဲ့ပါတယ်။
  { ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၏ စိန်ခေါ်ရင် တိမ်ပေါ်ရောက်ရမယ်နှင့် မထေရ်မြတ်
    တို့၏ စကားဝိုင်းကို ကိုးကားရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment