၁၂ ၁၂ ၂၀၁၄ ဒီဇင်ဘာကပေါ့
ကျောင်းနေဘက်သူငယ်ချင်းဦးဇင်းလေး
က သူ့ဖုန်းကRootဖောက်ထားတာမသေ
ချာတော့ အကူညီတောင်းတာနဲ့Mobile shop ကိုလိုက်ကူခဲ့တယ်။ အဲ့မှာပဲဆိုင်ရှင်
ဒကာနဲ့စကားစပ်ရင်း APK နဲ့ Webpage
ကိစ္စနွေးဖြစ်သွားတယ်။ ဒကာကြီးဦးဇင်းက ကိုယ်ပိုင်Webpageထောင်ပြီး APKနဲ့ချိတ်ပြီး သတင်းတွေ အသိပညာ
ပေးတွေရေးချင်တယ်။ ဥပမာဦးဝီရသူ
ဆိုဒ်မျိုးလို့ပြောတော့ ဒကာက အရှင်ဘုရာ့းWebpageကဝယ်ရမှာဘုရားတဲ့ Web Designခက ၈ သောင်းလောက်ရှိမယ်ဘုရား နှစ်စဉ်ကြေး
ကတော့ ၁နှစ်သောင်းလို့ခန့်မှန်းဆိုပါတယ်။
ခိုင်းစရာဆိုင်ကမရှိသလိုဖြစ်နေတော့
ဒကာက ဒါဆိုတပည့်တော် Bloggerနဲ့APKလုပ်ပေးမယ်ဘုရားလို့
ပြောပါတယ်။နောက်နေ့တော့ ကိုယ်ကလည်းBloggerလောက်နဲ့မကျယ်ပြန့်ဘူးအထင်နဲ့ Ahpa ကျွန်ပျူတာ
ဆော့ဖ်ဝဲ နဲ့ဟာ့ဝဲဆိုင်သွားပြီး Webpage
ရေးပေးဖို့ပြောတော့ Programဖိုင်တွေဖျက်လည်းဖျက်လိုက်ပြီ
Designဆွဲတဲ့ကလေးလည်းမရှိတော့လို့
ဟုပြောပါတယ်။ ဒီလိုနဲ့ အင်တာနက်ဆိုင်
တစ်ဆိုင်မှာအကူညီတောင်းရပြန်ပါတယ်။ သူကလည်းပြောပါတယ်။ Designခ၃သိန်း ၁လကို ၁၅၀၀၀ တစ်သောင်းခွဲဟုပြောပြန်ပါတယ်။
ဒါမေမဲ့APK တော့မလုပ်တတ်ဘူးဆိုတော့ နောက်ဆုတ်ခဲ့ရပြန်ပါသည်။
မသေချာတာတွေများတော့ အရင်ခိုင်းခဲ့တဲ့ဒကာကြီးကိုပဲ မရအဆုံး
Blogger နဲ့APKပြန်လုပ်ခိုင်းထားရပါတယ်။
နောက်တစ်ရက်မှာတော့ ကချင်ပြည်နယ်က ဆရာတစ်ဆူလိုအားကိုးကြည်ညိုလေးစားရတဲ့ဆရာလေးကိုဖုန်းဆက်ပြီး
ကိုယ့်သတင်းမှာ အမည်နဲ့ပုံထည့်ဖို့အကြောင်းဆွေးနွေး
တော့ အရင်တင်ထားတဲ့ပုံပဲထားပါ့ဘုရားတဲ့
ဒါပေမဲ့အဲ့ဒီfbမှာတင်ထားတဲ့ပုံကိုဆရာလေးကမမြင်ဖူးပါဘူး။ အမည်ကရောဆိုတော့ ဝိဘဇ္ဇသွေး လို့ပဲ
ထားလည်းရတယ် ကချင်မြေပါထည့်လည်းရတယ်။
ဒါပေမဲ့ ကချင်မြေမပါတာကကောင်းတယ်။
ဟုခဏနားနားပြီးပြောပြခဲ့ပါသည်။
သာသနာအတွက်လုပ်ဆောင်ဖို့အများကြီးလည်းနည်းစနစ်တွေအကြုံခဲ့တယ် သာသနာအတွက်စိတ်မကောင်းဘွယ်တွေလည်းပြောခဲ့တယ်။ စိတ်မကောင်းစရာတွေကတော့
ဒီဖုန်းတွေပေါ်လာမှကိုယ်တော်တွေလည်းတဖြုန်းဖြုန်းလူထွက်နေကြတယ်ဘုရာ့း မဟုတ်တာတွေကြည့်ပြီးစိတ်ကူးတွေယဉ်
လူထွက် မိန်းကလေးတွေနဲ့ဖြစ်နေကြတယ်ဘုရာ့းသာသနာအတွက်အားကိုးပါရစေအရှင်ဘုရာ့းတပည့်တော်တို့ကမကြာခင်
သေတော့မှာဘုရာ့းနတ်ပြည်မှာနတ်ဗိမာန်အဆင့်သင့်ရှိပြီးသားဘုရာ့း
လူတွေကိုသနားတယ်ဘုရာ့း
ဒီမှာသာသနာတော်ကြီးကညိုးမိန်နေပြီ
ဆရာလေ့း့တတ်နိုင်တဲ့ဘက်က
လူတွေကိုအသိပညာတွေပေးထားခဲ့ပါဦ့းနတ်ပြည်ရောက်လည်း နတ်ပြည်ကနေ
လူ့ပြည်ခဏဆင်းပြီးတရားဟောပါဦ့း
မတ္ထကုဏ္ဍလီနတ်သားက သူ့အဖေကို
တရားဟောသလိုပေါ့ဆိုတော့ ပြုံးရယ်သံလေးကြားလိုက်ရတယ်။
စသဖြင့်ပေါ့တောင်းဆိုတာတွေရော
အကြံပြုခိုင်းတာတွေရော အများကြီးပြော
ဖြစ်သွားပါတယ်။ ဒါပေမဲ့ဆရာလေးကတော့ ဘာမှမသိရှာပါဘူး တရားအသိလေးတစ်ခုနဲ့ မျက်မြင်သဖွယ်
အားရပါးရပြောပြသွားခဲ့တယ်။
ဝမ်းသာရင်း ဝမ်းနည်းရင်းနောက်တစ်ရက်
အရောက်မှာတော့ အီဂျစ်မှာရှိတဲ့အဒေါ်ကိုလည်းWebpageလုပ်ပေးဖို့ပူစာခဲ့ပါတယ်။အဒေါ်လည်းသူကိုယ်တိုင်မလုပ်ပေးနိုင်တော့သူငယ်ချင်းတွေအကူညီတောင်းရင်းတော်တော်ပင်
်ပန်းသွားမယ်ထင်ပါတယ်။မြန်မာပြည်မှာအဆင်ပြေရင်
မြန်မာပြည်မှာပဲလုပ်လိုက်ပါတဲ့ ၃သိန်းဆိုတပည့်တော်ကတစ်သိန်းခွဲစိုက်ပေးပါမယ်တဲ့။စိတ်ညစ်ညစ်နဲ့ပြန်ပြော
လိုက်ပါတယ်။သမိုင်းမှတ်တမ်းကိုတင်
်ထားဦးမှာပါလို့ခပ်ညစ်ညစ်နဲ့ဖေ့ဘုတ်ခ်ကိုဖွင့်ကြည့်မိပါတယ်။
အရင်က မြတ်ဗုဒ္ဓ၏တရားတော်များစုဝေး
ရာ တနည်း ဓမ္မနဒီပေါ့ အဲ့မှာစာတွေဖတ်ပြီးကြိုက်တာနဲ့ ၄င်း
ဆိုဒ်ထဲကိုဝင်ပြီးLike လုပ်လိုက်တယ်။
ဖေ့ဘုတ်ကနေလဲ မင်္ဂလာပါလို့ပြောဖူးထားတယ်။ ဒီထက်နောက်ရက်တော့ စာမူလေးတွေပို့ချင်ပါတယ်။ ပို့လို့ရမယ်ဆိုအကြောင်းပြန်ပေးပါ။
ဆိုတော့ ဓမ္မနဒီက kowinhtoo@gmail.com ကိုပို့ပေးရင်ရပါတယ်၊ ဓမ္မနဒီဆိုဒ်နဲ့ ဖေ့ဘုတ်ပေ့ပေါ်ကိုတဆင့်တင်ပေးပါ့မယ်၊ ဘာသာရေးသက်သက်တင်တဲ့ဆိုဒ်မို့ အခြားဘာသာကိုရှုံ့ချခြင်း၊ ဘာသာတူအချင်းချင်း သွေးထိုးလှုံ့ဆော်တာတွေ မပါဘဲ ဓမ္မသက်သက် ဆိုရင် တင်ပါတယ်ခင်ဗျာ...ကျေးဇူးတင်ပါတယ်
်..။ တင်ပါ့ဘုရား..၀မ်းမြောက်နုမော် သာဓုခေါ်ပါတယ်ဘုရား...။
အရှင်ဘုရား ကိုယ့်စာကိုယ်တင်မလားဘုရား အက်မင်အကောင့်ဖွင့်လိုက်မယ်ဘုရား။
ဒီလိုကိုယ်လိုချင်နေတဲ့အားပေးသံအဆင်ပြေသံတစ်ခါတည်းကြားလိုက်ရတော့ ကိုယ်ကလည်းဘုရားဝတ်တက်ကမပြတ်
တော့ကောင်းကျိုးတွေများပေးလေပြီး
လားလို့တောင်တွေးပြီးအပျော်လွန်မိပါ
တယ်။ ပျော်လွန်းပြီး
်သူငယ်ချင်းတွေကိုလည်းရင်ဖွင့်မျှဝေ
လိုက်ပါတယ်။
ဝိဘဇ္ဇသွေး
၁၆ ၁၂ ၂၀၁၄www.damanady.tk
No comments:
Post a Comment