Tuesday, December 16, 2014

လူငယ်တွေရဲ့တိုးတက်မှုကိုကြည်းနူး မလွန်ပါနဲ့။

ခုခေတ်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့
တော်လိုက်တာ တတ်လိုက်တာ စသဖြင့်
လူအများရဲ့ပါးစပ်ဖျားမှာအထူးဆန်း
တရပ်အနေနဲ့ပေါ်လွင်နေပါတယ်။
ဒါကိုအားရလွန်ကျေနပ်လွန်ဖြစ်နေကြပါတယ်။ ဒီကလေးဆိုသူတွေကိုသာမန်ကြည့်ရင် တော့ အသက်ကြီးပိုင်းကိုထောက်ရင် ဒီကလေးတွေငယ်တာဟုတ်ပါတယ်။

သို့သော် ခုခေတ်ကဘာခေတ်လဲ
ပြန်စဉ်းစားဖို့လိုပါတယ်။ ဆယ်ကျော်သက်အသက်တမ်း
ခေတ်လေ ပြီးတော့တဏှာရာဂအားကြီး
တဲ့ခေတ်လေ ဒါတွေနဲ့ပြန်ချိန်ကြည့်တော့
ခုခေတ် ကလေးက ၁၄ ၁၅ ကတည်းက
လူကြီးဖြစ်နေမှသင့်မယ်လေ။ ဘာကြောင့်လဲဆိုတော့ လူ့လောကနေရမည့်အချိန်တိုတယ် ။
မြန်မြန်သေရမယ်။ အဲ့ တော့ ၁၄ ၁၅ ကတည်းကလူကြီးဖြစ်မှ လုပ်ငန်းကျွမ်းကျင်နေမှသင့်မယ်လေ။
၂၀ ၃၀ မှလူကြီးဖြစ်မယ်ဆို လုပ်ငန်းကျွမ်း
ကျင်မယ်ဆို သေမှာနဲ့ အလုပ်လုပ်မှာနဲ့
လူ့လောကမှာအချိန်သိပ်မရှိတော့ဘူး။
ဒါကြောင့်သဘာဝက ကံက အလိုလို
ဖန်တီးမှုကြောင့် လူငယ်ကလူကြီးဆန်နေရတာပါပဲ။
သဘာဝဓမ္မ ကံတွေကိုနားမလည်ရင်
ဒီကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်တာမြက်တယ် မဆိုးဘူး စသဖြင့်အထင်ကြီးသာယာနေတတ်ပါ
တယ်။
အဲ့ဒီအထင်ကြီးမှုအောက်မှာသာယာ
ရင်း
ဓမ္မအမွေတွေပေးဖို့မေ့နေတတ်ပါတယ်။
တိုးတက်ပါတယ် ထက်မြက်ပါတယ်ဆိုတဲ့
ကလေးတွေအားလုံးကိုပြန်လည်
ဝေဘန်ကြည့်ပါ အသက်ရပြီးအရပ်ပုသူ
တွေများလာပါတယ်။ ဒါကိုအပေါ်ယံအမြင်နဲ့ကလေးလို့သတ်
မှတ်နေကြပါတယ်။ ဥာဏ်အရာကရော
ဝေဘန်လိုက်ပါဦးတိုးတက်လာတယ်
်မထင်ပါနဲ့ ထက်မြက်လာတယ်မထင်ပါနဲ့တုံးကုန်
်တာပါ။
ရပြီးသားစာဆိုတာကိုပြန်ခိုင်းကြည့်ပါ။
ဘယ်လောက်အလွတ်ရထားလဲမေး
ကြည့်ပါ။ဒက်ဒက်မည်အောင်မရွတ်နိုင်
မဖတ်နိုင်ကြတော့ပါဘူး။အခြေခံစာတွေ
ွမေးကြည့်ပါပျောက်ကုန်ကြပါပြီ နားမလည်ကြတော့ပါဘူး။ ဒါကတော့နိုင်ငံအုပ်ချုပ်မင်းလုပ်တဲ့အစိုးရနဲ့လည်းဆိုင်ပါတယ်။
ဆရာသမားလေးစားရမှန်းမသိ
ိကြတော့ပါဘူး ။ ရတနာသုံးပါကိုးကွယ်ရမှန်းအလေးထားရမှန်းမသိကြတော့ပါဘူး။
အထူးဆန်းပဲဖြစ်သွားကြပါပြီ။ ရဟန်းသံဃာမှန်းမသိကြတော့ပါဘူး။
မိဘကိုလည်းကျေးဇူးကန်းသွားကြပါပြီ။
ဒါတွေဟာ ဆုတ်ခေတ်ရဲ့ဆိုးကျိုး
သင်္ကေတနိမိတ်တွေပါပဲ။
စာရေးသူ၏ ဆိုလိုရင်းရည်ရွယ်ချက်မှာ
ကလေးတွေကိုအပြစ်တင်ဖို့မဟုတ်ဘူး။
အဲ့ဒီအပေါ်သာယာပြီးအချိန်မကုန်မိလိုက်ဖို့ ဓမ္မအမွေတွေအမြန်ပေးလိုက်နိုင်ဖို့
ခေတ်ကာလကိုမြင်ယောင်မိပြီး သံဝေဂတွေယူကုသိုလ်တွေမြန်မြန်လုပ်ဖို့ ပြုပြင်စရာတွေပြုပြင်ဖို့ သတိပေးလိုရင်းပဲ
ဖြစ်ပါသတည်း။

                                      ဝိဘဇ္ဇသွေး
                                       ၁၆ ၁၂ ၂၀၁၄




www.damanady.tk

No comments:

Post a Comment