Wednesday, December 17, 2014

သာသနာကိုစောင့်မှာလား? မသာစောင့်မှာလား?

                         အမျိုးဘာသာသာသနာ​စောင့်​​ရှောက်​​ရေးလုပ်​ငန်း​တွေအမြို့မြို့အနယ်​နယ်​မှာအင်​တိုက်​အားတိုက်​ကြိုးစား​ဆောင်​ရွက်​​နေ​သောသတင်း​တွေကိုဖတ်​ပြီးစိတ်​ထဲမှာကြည်​နူး​နေမိတာ​တော့အမှန်​။
အမုန်းဒဏ်​ကိုအမုန်းခံပြီး​ဆောင်​ရွက်​​နေ​သောပုဂ္ဂိုလ်​များရဲ့နှလုံးစွမ်းရည်​ကို​လေးစားမိပါတယ်​။ဒါ​တွေဒို့အရပ်​မှာရှိ​နေပြီလား။

နီးစပ်​ရာဝန်းကျင်​ကို​လေ့လာမိတယ်​။ အမျိုးဘာသာသာသနာအတွက်​ဘာ​တွေလုပ်​​ဆောင်​​နေကြသလဲ​ပေါ့။
ထုံးစံအတိုင်းပဲ​ပေါ့၊ကိုယ်​​တော်​ကြီး​တွေက​ဗေဒင်​​ဟော၊ယတြာ​ပေး၊​ဆေးကု၊ကိုယ်​​တော်​​လေး​တွေကတစ်​လုံး​ဆော့၊နှစ်​လုံးထိုး၊သုံးလုံးဖိုးနှင့်​မွဲလိုမွဲ၊​လေးလုံးစွဲတာ​တွေလည်းရှိ​နေ​လေရဲ့။ဒီလိုဆိုရင်​ဒို့သာသနာ​တော်​ကြီးဟာငါးပါးပင်​မကသံဃာစင်​ပါ​မှောက်​​တော့မှာကျိန်း​သေ။တစ်​ခါကဆရာ​တော်​ကြီးတစ်​ပါးငြီးတွားသံ​လေးအတိုင်းပဲ​လေ၊ညမှာ​ဘောပွဲ၊​နေ့မှာချဲ၊စာလည်းမအံ၊ဆွမ်းမခံ၊​ဘောကန်​ဇယ်​​တောက်​၊လမ်း​လျှောက်​သီချင်းဆိုဗွီဒီယို၊ပြုလိုသာသနာ၊ဘယ်​ခါ​ကောင်းမလဲတဲ့။ခေတ်​နှင့်​အညီပီပြင်​လိုက်​ရန်​​ကော။ဘုန်းကြီးအလုပ်​ဘုန်းကြီးတာဝန်​ဆိုတာရှိတယ်​​လေ၊
စာ​ရေးစာချတရား​ဟောတရားရှုမှတ်​တဲ့လုပ်​ငန်းအပြင်​၊မ​ကောင်းမြစ်​တာ၊​ကောင်းရာညွှန်​လစ်​၊အသစ်​​ဟောကျူး၊နာဘူးထပ်​မံ၊နတ်​ထံတင်​ရာ၊​မေတ္တာလည်းပြု၊ရဟန်းမှုလို့ဆိုထား​သေးတယ်လေ။
ဒါတွေအပိုမပြောလိုပါဘူး၊
ကိုယ်တော်ချောတွေသိပြီးသားပဲ။
ဒီအလုပ်​​တွေကိုဘယ်​သူဖြုတ်​ပစ်​တာလဲ။ဗုဒ္ဓဘာသာဝင်​အမည်​ခံထားတဲ့လူ​တွေ​ပေါ့၊ပုံမှန်​ဆွမ်းချက်​ရင်​ပဲတာဝန်​​ကျေပြီလို့ထင်​ထားကြတာမှားတာပဲ။မေတ္တာစိတ်​သက်​၊​ဆောင်​ရွက်​ချစ်​ခင်​၊
ခင်​မင်​နှုတ်​ချို၊လိုလျှင်​ဖိတ်​ထား၊တတ်​အားလှူ​စေဆိုတာဒကာကျင့်​ဝတ်​​တွေ​ပေါ့။အခု​တော့ဒကာကျင့်​ဝတ်​ဆိုတာနားမလည်​ကိုယ်​ကိုးကွယ်​တဲ့ရတနာသုံးပါးကို​စော်​ကားချင်​ကြ​သေးတယ်​။ဗုဒ္ဓဘာသာအမည်​ခံထားပြီးဘုန်းကြီးရဟန်းသံဃာများနှင့်​စကားမ​ပြောတတ်​၊
ရဟန်းဝိနည်းကိုဝေဖန်​၊
လူဝိနည်းကြတော့နားမလည်၊အများအလည်​မှာသနားစဖွယ်​ပါ။လူကြီးမိဘ​တွေကဘာသာတရားဆိုတာအ​လေး​မထား​တော့က​လေး​တွေ​ခွေးဖြစ်​တာ
ဆန်းသလား၊မူရင်း​ကောင်းမှ
မိတ္တူ​ကောင်းမှာ​လေ၊​ခေတ်​ပညာ​လေးသင်​​ပေးရုံစီးပွား​ရေးထူ​ထောင်​​ပေးရုံနှင့်​မိဘတာဝန်​​ကျေပွန်​ကြလို့လား။ဟော​နေရာတိုင်းမှာဓမ္မစကူးလ်​၊
ယဉ်​​ကျေးလိမ္မာသင်​တန်း၊ဝိသုဒ္ဓိမဂ်​၊အဘိဓမ္မာသင်​တန်း​တွေစုံလို့ပါပဲ။
ဒါ​တွေကျုပ်​တို့နယ်​မှာရှိ​နေကြပြီလား၊အမျိုးသား​ရေးအတွက်​အဓိကကျတဲ့တာဝန်​​တွေကိုမထမ်း​ဆောင်​ကြပဲပါတီနိုင်​ငံ​ရေး အာဏာရ​ရေးကိုသာဦးတည်​ထား​တော့မှာလား၊
ဒါ​တွေ​ပြောရတာ​ဒေါ​တော့ပွချင်​စရာ။
ကျုပ်​တို့နယ်​မှာ
ယဉ်ကျေးလိမ္မာသင်​တန်းမရှိဘူး၊
ဓမ္မစကူးလ်​ဆိုတာ​ဝေး​ရော။
ဝိသုဒ္ဓိမဂ်​လာ​ပြောမ​နေနှင့်​၊အဘိဓမ္မာမကြားဖူးဘူး။
အရက်​ဆိုင်​ရှိတယ်​၊အရက်​သမား​တွေများတယ်​၊မိန်းမ​တွေက
က​လေးတွဲ​လောင်း၊ဗိုက်​ကားယားနှင့်​ကပ်​​ဖောက်​တယ်​၊ဖဲရိုက်​တယ်​၊ဘယ်ရဲစုတ်မှမလာဘူး၊​အေး​ဆေးပဲ။
ဒီလိုအရည်​ချင်း​တွေနှင့်​ပြည့်​စုံတဲ့ကို​ရွှေ​တောသား​တွေ​လေ။သူတို့​မွေးထားတဲ့
ဲ့​က​လေး​တွေဘာသာ​သွေးဆိုတာဘယ်​မှာရှိ​တော့မလဲ။
ရွာဦး​ကျောင်းမှာ​ကျောင်းသားမရှိ၊ကိုရင်​ဆိုတာ​ဝေး​လို့၊ဦးဇင်းတစ်​ပါး​တောင်​ဖြစ်​ထွန်းဖို့မလွယ်​​တော့ဘူး​လေ။
အင်းအိုနာကျိုးကန်းလူ့ပေါက်ပန်းတွေ
ွသင်္ကန်းဝတ်​လာကြပြီ၊ပရိယတ္တိအရည်​အချင်းမရှိတဲ့ဖိုး​တော​တွေက
မင်းမူလာကြပြီ​လေ။
ရွာဦး​ကျောင်းမှာစာသင်​သံ​တွေဆိတ်​သုဉ်းခဲ့ပြီ၊ဘုရားရှိခိုးသံ​တွေ​ပျောက်​ခဲ့ပြီ၊​ကြေးစည်​ထုသံ​တွေ​ဝေးခဲ့ပြီ။
ရွာသားတွေကရွာဦးကျောင်းမှာဘုန်းကြီးပင့်​ပြီးကိုးကွယ်​ကြတယ်​မထင်​​လေနှင့်​။

မှတ်ချက် ။
အညတရ အရှင်မှ ပေးပို့သည်။
အရှင်​ဘုရား​ရေ၊မည်​သူ့ကိုမှ​စော်​ကားလို၍ဤစာ​ရေးခြင်းမဟုတ်​ပါ၊တပည့်​​တော်​တို့​ဒေသရဲ့သာသနာ​ရေးအ​ခြေ​နေ​လေးကိုကြည့်​ပြီး​ရေးထားတဲ့စာပါ၊အနာဂါတ်​သာသနာ​ရေးရင်​​လေးစရာပါပဲ။ကိုယ့်​အမြင်​ကိုယ့်​အ​တွေးဆို​တော့သူ့အမြင်​နှင့်​​တော့တူမှာမဟုတ်​ပါဘူး။မှား​နေတာ​တွေ၊လွဲ​နေတာ​တွေပါ​ကောင်းပါန်ုင်​ပါတယ်​။ငါကားငယ်​ရွယ်​၊ဉာဏ်​မကြွယ်​၍၊အဘယ်​သို့လျင်​အမှားစင်​အံ့၊အကြင်​သူ​တော်​၊ပညာ​ကျော်​သည်​၊ချွတ်​​ချော်​လွဲမှားငါ့စကားကို၊စိတ်​ထား​ဖွေးဖြူ၊ပြင်​​တော်​မူပါဘုရား ။

                           ၁၇ ၁၂ ၂၀၁၄
အညတရ အရှင်


www.damanady.tk

No comments:

Post a Comment