၁။ရတနာသုံးပါး၊ မြတ်ဗုဒ္ဓသာသနာတော်၏ အခြေခံကောင်းများကို လူတိုင်း သိရှိ နားလည်ပြီး၊
ကိုယ်ကျင့်တရား ကောင်းမွန်စေရန်။
၂။အနန္တငါးပါး ဂုဏ်ကျေးဇူးကို ပိုမိုနားလည် သဘောပေါက်လာစေရန်။
၃။လူ့ သဘာဝ အကျင့်ဆိုး၊ မကောင်းမှု ဒုစရိုက်များကို ရှောင်ကြဉ်နိုင်ရဲသော သတ္တိ၊ သုစရိုက်
တရားများကို ပြုလုပ်ရဲသော သတ္တိများ တိုးပွား လာစေရန်။
၎။မိမိတို့  အမျိုး၊ ဘာသာ၊ သာသနာတော်ကို တစ်ပါးသော အယူဝါဒများ ၀င်ရောက်လွမ်းမိုး
လာခြင်းမှ ကာကွယ်ရန်။
၅။ကိုယ်ကျိုးစွန့်  အနစ်နာခံတတ်သော သူတော်ကောင်း စိတ်ဓါတ်ဖွံ့ ဖြိုး၊ အသိဥာဏ်တိုး၍
လူမှုဘ၀ အဆင့်အတန်း မြင့်မားလာစေရန်။
၆။အမျိုး၊ ဘာသာ၊ သာသနာတော် အတွက် အမျိုးမှန်၍ အဖိုးတန်သော မျိုးဆက်သစ်များ
စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရန်။
ရ။ဘာသာယဉ်ကျေးမှု၊ စာပေကို တန်ဖိုးထားတတ်သော၊ ဗဟုသုတ ဖွံ့ ဖြိုး တိုးတက်သူများ
ပေါ်ထွက်လာစေရန်။
ဤရည်ရွယ်ချက် (ရ) ချက်ကို အခြေခံ၍ ကံဖေတိုက်နယ်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေး
ပွဲကို ပြုလုပ်ကျင်းပလာပါသည်။
(၁၃၇၄-ခုနှစ် [၁၄]ကြိမ်မြောက် ကံဖေတိုက်နယ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲ ကျင်းပ
အောင်မြင်မှု မှသည် နှစ်ပေါင်း ရာ၊ ထောင် မက၊ ကမ္ဘာတည်သရွေ့  တည်မြဲနိုင်ပါစေ။)
No comments:
Post a Comment