ထေရ၀ါဒ ဗုဒ္မဘာသာဝင်တို့ သည်၊ ဗုဒ္မ၊ ဓမ္မ၊ သံဃ၊ တည်းဟူသော ရတနာသုံးပါးသာလျှင် ကိုးကွယ်
ရာရှိပါ၏။ ထေရ၀ါဒ ပိဋကတ်တော် များတွင်လည်း ရတနာသုံးပါါ်သာလျှင် "ကိုးကွယ်ရာ" အဖြစ်ဖေါ်ပြ
ထားပါသည်။ ထေရ၀ါဒ ပိဋကတ်တော်များတွင် အမ်းကုန်း၊ ကွမ်ယင်မယ်တော်၊ ၃၇-မင်းနတ်တို့  အ
ကြောင်း တစ်လုံးတစ်ပါဒမျှ ဖေါ်ပြမထားပါ။
မိမိတို့ ကိုးကွယ်ရာ ဘာသာတရားအကြောင်းကို ဂဃနဏ မလေ့လာသောကြောင့်"ကိုးကွယ်ရာမှား"
နေခြင်းပင်ဖြစ်သည်။ ဗုဒ္မဘာသာဝင်တို့ သည် "ဗုဒ္မေါ မေ သရဏံ အညံ နတ္ထိ၊ ဓမ္မော မေ သရဏံ အညံ
နတ္ထိ၊ သံဃော မေ သရဏံ အညံ နတ္ထိ၊" ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါးမှတစ်ပါး
အခြား ကိုးကွယ်ရာမရှိပါဟုလည်း နှလုံးသွင်း ခံယူထားကြပါသည်။
ရတနာသုံးပါးအပေါ် အလုံးစုံပုံ၍ မကြည်ညို တတ်သောကြောင့်သာ အခြားအခြားသော ကိုးကွယ်
ရာမှားကို ရှာဖွေကိုးကွယ်ကြခြင်း ဖြစ်ပါ၏။ ကိုးကွယ်ရာများ(မှား)နေလျှင် သရဏဂုံသည် ညစ်နွမ်းသွား
ပေပြီ။ မဖြူစင်တော့။ အချို့ သူတို့ ကား ဘိုးဘွားတော်နှင့် ၃၇-မင်းနတ်တို့ ကိုပင် ဘုရားထက်ပို၍
အားကိုး အလေးထားသယောင်ရှိပါ၏။ ထိုသူများသည် "ဗုဒ္မဘာသာအရေခြုံ သရဏဂုံမဖြူစင်သူများ"
ဖြစ်ကြောင်း၊ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးက မိန့် တော်မူခဲ့ပါသည်။။
{ဆရာတော်ကြီးများ၏ သြ၀ါဒပေါင်းချုပ်(မင်းနန်) မှကောက်နုတ်ဖေါ်ပြပါသည်။}
No comments:
Post a Comment