Sunday, May 12, 2013

ဘယ် မှာ ငါ ဟု ရှိ အံ့ နည်း

လောကဇတ်ခုံ ဤလူ့ဘုံ၌ မျိုးစုံ ကကြ မာန်မာန နှင့် ငါကရာဇာ ငါချမ်းသာသည်
ငါဟာသူဌေး ငါပဂေးဟု ငါသွေးတက်ကြွ လူ့ ဗာလတို့ ဒေသပိုင်းခြား ကာလအား
ဖြင့် များပြားလှစွာ အ၀ိဇ္ဇာကြောင့် တဏှာဘီလူး အမှောင့်ပူးလျက် ကျူးကျူးကျော်ကျော်
ဂုဏ်ကိုဖော်၍ မော်မော်မောက်မောက် ငါတစ်ယောက်မို့ ထက်အောက်တစ်လွှား ရွှေကိုယ်
လားဟု ထင်မှားဖောက်လွဲ သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ပြည်ဖုံးချသော် သုဘရာဇာ
ခြေအောက်မှာပင် ဘာသာလူမျိုး ချိန်မထိုးဘဲ သိုးပုပ်ခန္ဓာ မြုပ်ရရှာသည် ဘယ်မှာ ငါဟု
ရှိအံ့နည်း။

ဒီသံဝေဂ လင်္ကာလိုဘဲ ငါ ငါ ငါ ဆိုတဲ့ငါစွဲတွေနဲ့ နေလာလိုက်ကြတာနော် ဘယ်ချိန်ကို
ရောက်နေပြီလည်း ငါဆိုတဲ့ (ငါ )ကိုငါပြန်စမ်းစစ်ကြစမ်းနော် ။ ကြောက်စရာကောင်းလိုက်
တဲ့ ဘ၀တွေ နော် မမြင်ကြဘူး ငါ အိမ်နဲ့နေမယ် အိမ်ပြီးရင် တိုက်ဆောက်မယ် တိုက်ပြီး
ရင် ကားစီးမယ် သားတွေသမီးတွေအတွက် ဘာလုပ်မယ် ဘယ်သူကတော့ ဘယ်လိုကား
ဘယ်လို အ၀တ်အစား ဘာတွေကိုသုံးနေကြတာ ဘယ်သူသားသမီးကတော့ ဘယ်လိုတွေ
သုံးနိုင်လိုက်တာ ငါ လည်း ငါ့ သားသမီးတွေကို ဘယ်လိုထားမယ် ငါ့ မိန်းမ ငါ့ ယောက်ျား
ငါ့သားသမီး ငါ့ ဆွေမျိုး အို ငါဆို တဲ့ ငါစွဲတွေများလိုက်ကြတာ လုပ်လိုက်ကြ ကိုင်လိုက်
ကြ နော် လောဘတွေ မောဟတွေ မာနတွေ ဒေါသတွေနဲ့ တနေ့ပြီးတနေ့ လုံးချာလိုက်
နေကြတာ မမြင် ကြဘူး ငါ ဆိုတဲ့ အတ္တက ၀င်နေတာ အ၀ိဇ္ဇာဆိုတဲ့ တဏှာက ဖုံးနေ
တော့ မမြင်ကြတော့ဘူးနော် မြင်အောင်လေနည်းနည်းလေး မြင်အောင်ကြည့်ကြစမ်းပါ
အဲလိုတွေလေ လုပ်ရင်းကိုင်းရင်း လောဘတွေတက်ရင် သုဘရာဇာခြေအောက်ကိုရောက်
သွားခဲ့၇င် ကိုယ့်အတွက် ဘာတွေများအကျိုးအမြတ် ပါခဲ့လဲ ရခဲ့လဲလို့တွေးစမ်းပါ
အများကြီးမဟုတ်တောင် နည်းနည်းလေးတွေးပေးစမ်းပါ ဘာလို့ဒီလိုတွေပြောနေရလည်း
တရားမိတ်ဆွေတွေကိုလေ လာတော့ကလည်းတစ်ယောက်ထည်း ပြန်ရတော့လည်း
တစ်ယောက်ထည်းဆိုတာကို သိစေချင်လို့မြင်စေချင်လို့ လုပ်ပါ မလုပ်နဲ့လို့မပြော
ပါဘူး ဘာလို့လည်းဆို ခန္ဓာ ရှိမှတော့ ကာယိယ ကိုယ်ကြီးအတွက် စားဘို့နေဘို့ဝတ်ဘို့
တဏှာက အရင်းခံပြီးလာကြတော့လေ အနှေင်အဖွဲ့တွေနဲ့ လက်စကို မကုန်နိုင်ကြဘူး
ဒါပေမဲ့ သတိ ဆိုတဲ့ ဥာဏ်လေးကို တော့ လွတ်မပြစ်လိုက်နဲ့ ဘာလုပ်လုပ် ဘာပြောပြော
မိမိစိတ်လေးကို သတိဆိုတဲ့ဥာဏ်လေးနဲ့ချွန်းအုပ်ထားစေချင်လို့ပါ ။
ချစ်လိုက်ကြတာပျော်လိုက်ကြတာ ခင်မင်လိုက်ကြတာလေ မခွဲနိုင်မခွာရက်ပေါ့နော်
မသေတော့ဘူး နေရမယ်လို့ချည်း ထင်နေကြတာလေ အလုပ်မအားလို့တ၇ားမလုပ်နိုင်သေးဘူး
ဘာလေးလုပ်စရာရှိသေးလို့ တရားဖတ်ကိုမလှည်နိုင်သေးပါ ဟာ အင်းဒီလိုနဲ့များ ခိုးခေါက်ဆို
များ ကြွသွားမှာကိုလေ ဘာလို့မမြင်ကြတာလည်း ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း နုပျို မလာပါဘူး
အိုလာပြီ နာလာပြီ သေဘို့ဘဲကျန်တော့တာလေ သင်္ခါရတရာကလွတ်အောင် ဆုတောင်းနေရုံ
နဲ့မရဘူး နော် ငါ့ လုပ်နေတဲ့အလုပ်တွေက ငါ့အတွက် ပါလာမှာမဟုတ်ဘူး သားတွေသမီးတွေ
ဇနည်း ခင်ပွန်းတွေ အပေါင်းအဖော် ဆွေမျိုးညာတိတွေက ငါ ကျေးဇူးပြုခဲ့လို့ ငါ လုပ်ကိုင်ပေးခဲ့
လို့ ငါ့ နောက်ကို အတူ လိုက်လာကြမယ်မဟုတ်ဘူး နော် ငါ တစ်ယောက်ထဲလာပြီးငါတစ်ယောက်
ထဲပြန်သွားရမယ်ဆိုတာလေး ကို အသိလေး သိပေးပါ အချိန်မလွန်ခင်လေ ငါ့ဘို့ပါအောင်လုပ်ကြ
စမ်းပါ မှီပါသေးတယ်နော် အမလေး သူတို့ကငါ့ကိုမခွဲနိုင်သေးလို့ ငါ့ကလည်းသူတို့ကို မခွဲနိုင်သေး
လို့ ငါ့ သားသမီးတွေမပြည့်စုံသေးလို့ ငါဆိုတဲ့ ငါစွဲကြီးက ငါထွက်သွားရင် သူတို့ ငါ့နောက်ကို တကယ်
လိုက်မလာကြပါဘူး မရဏကာလ သေချိန်ကြပြီဆိုရင်လေ ငယ်ငယ် လှလှ ပျိုပျို မြစ်မြစ် ရင့်ရင့် သူကတော့
ငယ်သေးလို့သူ့ကိုတော့ လှလို့ သူကတော့အိုနေလို့ဆိုပြီး ထားခဲ့ပေးမယ်မထင်ဘူးနော် စေ့စေ့လေးတွေး
ရေးရေးလေးမြင်အောင်ကြည်နော် လေးဖြာသောဓာတ်ဖောက်ပြန်လာပြီဆိုရင် ငါ့အတွက်လုပ်နေကိုင်နေရင်
ငါ့ အတွက် ဘာမှ မပါဘဲ ပြန်သွားလို့ အပါယ်များသွားခဲ့ရရင် ငါလည်းမကယ်နိုင် ဘုရားရှင်လည်းမကယ်နိုင်
ဝေဒနာဘယ ဇောချွေးကျပြီး ငါလုပ်ခဲ့တဲ့အတိုင်း ခံစားရမယ် ဘယ်သူကမှလာခံမပေးဘူး ချစ်လှပါချည့်
မခွဲနိုင်လှပါချည့် ဆိုတဲ့သူတွေက ဘာမှလာလုပ်ပေးမယ်မဟုတ်ဘူး။
ဒါကြောင့် မနေရလို့သေကြသောအခါ ကိုယ့်ဖို့ကိုယ့်များ ဘာများပါမှာ
ပစ္စည်းအစု တစ်ခုမပါ ကိုယ့်ပြုငြား ကံများပါတော့မှာ
ဒါကြောင့် အသေမဦးခင်လေးနော် သေချာစဉ်းစား စမ်းပါ။
ဒါနကို မသေခင်ပြုပါ ကိုယ့်ရိက္ခာ
သီလကို မသေခင်ကြိုတင်စောင့်ပါ ကိုယ့်ရိက္ခာ
ဘာဝနာကို မသေခင်ကြိုတင်စောင့်ပါ ကိုယ့်ရိက္ခာ
နံနက်ခင်းက ပက်ပင်းမြင်သူ
ညနေခင်းကျ သေမင်းခေါ်ယူ
နေ့မြင်ညပျောက် တစ်ယောက်မဟူ
ငါ့တို့လည်း မလွဲသေမည့်သူ။
ဒါကြောင့်လေး တဏှာပေမတွေနဲ့ ကိုယ့်အတွက်အချိန်ကုန် မခံကြပါနဲ့ ရတဲ့အချိန်လေးကျန်တဲ့အချိန်လေးကိုလေ
ကိုယ့်အတွက်ပါအောင် ရအောင်လုပ်ကြစမ်းပါနော် ဇာတိ ဇရာ မရဏ သေချိန်ကျလာရင်ခံချိန်ကျလာရင်လေ
ဘယ်လောက်ချစ်တဲ့သူ ဘယ်လောက်ပဲမုန်းတဲ့သူဖြစ်ပါစေ ဘယ်သူမှ မကူကယ်နိုင်ကြပါဘူး ငါ့ဆိုတဲ့ငါပဲကယ်နိုင်
လုပ်နိုင်ခံနိုင်ပါတယ် ငါချစ်တဲ့သူတွေက တစက်လေးမှ လာကူနိုင် ခံနိုင်မယ်မဟုတ်လို့ ငါ ငါ ငါ ဆို တဲ့ ငါစွဲတွေ
ကိုလေ အချိန်မှီ ပြုပြင်ပြီး နေရလည်း ကိုယ်တကိုယ်စာ ၀တ်ရလည်း တကိုယ်စာ စားရလည်းတ၀မ်းစာလေးပါ
ဒါလေးတွေကိုသိပြီး ငါ့ အတွက်ပါမဲ့ မရဏနုဿတိ ဓမ္မာနုဿတိ ဘာဝနာ ကမ္မဌာန်း တရားတွေကိုစီးဖြန်းပြီး ဒီဘဝ
ကျွတ်တန်းမ၀င်နိုင်သေးတောင် သာသနာကျန်ရှိနေသေးတဲ့ ကာလမှာကျွတ်တန်းဝင်နုင်အောင်ကြိုးစာအားထုပ်လိုက်
ကြစမ်းပါ။
မမြဲခြင်း ဆင်းရဲခြင်း အစိုးမရခြင်း ဆိုတဲ့ အနိစ္စ ဒုက္ခ အနတ္တ တရားတွေကို သိလည်းသိပါစေ မြင်လည်းမြင်နိုင်ပါစေ ကျင့်လည်း
ကျင့်နိုင်ပါစေလို့ ။
ဧဒင်ဥယျာဉ်မှတော်ဝင်နှင်းဆီဘလော့ကိုခံစားတင်ပြသည်။

No comments:

Post a Comment