ခုလူတော်တော် များများ ဟာ အမှောင်တကာ အမှောင်ဆုံး ဆိုတဲ့ လမ်းကို လွဲ မှားစွာ လိုက်နေသူတွေ အရမ်းများနေပါတယ် အဲဒီ အမှားဟာ ဘယ်လောက်တောင်ဆိုးလဲ ဆိုတာ ကို သိစေချင်လို့ ဆရာ သုတေသီ ဘုန်းမြင့် သွေး ရေးသားတဲ့ စာလေးကို တဆင့် မျှဝေပေးလိုက်ပါတယ်
သူများ ခင်ပွန်း လင် သူများ မယား ပြစ်မှား ကျူးလွန်ရင် အပြစ်ဒဏ် (၁၄) ချက်ကို ခံ ရမှာ မလွဲ ပါဘူး
မယားငယ်ဆိုတဲ့ ဘ၀ဟာ သိပ်ဆိုးပါတယ် ဘယ်လိုဘဲ ၀တ်ရ၀တ်ရ ဘယ်လောက်ဘဲ ကောင်းကောင်းစားရလဲ အမည်နာ မကတော့ မလှ
ပကြပါဘူး ခေါ် တာကို က လင်ခိုး မတဲ့ ခေတ်စကားနဲ့ ဘယ်လောက်လှအောင် ခေါ်ခေါ် မယားပြိုင်လို့ ခေါ်တဲ့သူကနဲပါတယ် သူများ ခင်ပွန်းလင်ကို ပြစ်မှားခြင်းဟာ မယားကြီးကိုသာ မကဘဲ ကလေးတွေကို ပါ ဒုက္ခ ပေးတာနဲ့ အတူတူပါ ဒါတင်မကဘဲ ကိုယ့်ရဲ့ မိဘ မောင်ဘွား ဆွေမျိုးများပါ သိက္ခာ ကျ အရှက်ရစေပါတယ်
မိန်းမကောင်းတွေဟာ သတ္တိ ရှိစွာနဲ့ လင်အသစ် စက်စက် ကို ယူကြပါတယ် သူများလင်ကို မခိုးပါဘူး ယူပြီးလဲ နောင်တမရကြပါဘူး
အဲတာဟာ မိန်းမကောင်း အင်္ဂါပါ မိန်းမကောင်းပန်းပန် တပွင့်တန် ဆိုသလို မကောင်းလို့ ကွဲ ကြတော့လဲ နောက် အိမ်ထောင် မထူကြတော့ပါဘူး
မိန်းမကောင်းဖြစ်ဘို့ က ယောင်္ကျားကောင်း တယောက်ဖြစ်ဘို့ ထက် ပိုခတ်ခဲ ပါတယ်
သူများခင်ပွန် သူများမယား ကို ခိုးယူပေါင်းသင်းတာဟာ လောကမှာ ရှက်စရာ အကောင်းဆုံးနဲ့ အကျည်းတန်ဆုံးပါ
ပတ် ၀န်းကျင်ကလဲ မတက်သာလို့သာ လက်ခံ စကားပြောကြလဲ မနှစ်မြို့ ကြပါဘူး
ဒီလို လူတွေဟာ အပြစ်ဒဏ်ကို သေချာ ပြန်ခံ ကြရပါတယ်
၁*** ရန်သူနဲ့ တွေ့ ရတာ
၂*** လူအများမုန်းတီးတာ
၃*** စား ၀တ် အိမ်ယာ ခက်ခဲ တာ
၎*** အမြတ်ဒေါသကြီးတာ
၅*** သူတပါး ယုံကြည်မူ့ ကင်းမဲ့တာ
၆*** လော ကုတ္တရာ တရား မရရှိနိုင်တာ
၇*** စည်းစိမ်ဥစ္စာ ပျက်စီးတာ
၈*** ဆင်းရဲ ကြီးစွာ လုပ်/ရတာ
၉*** အသက်တိုတာ
၁၀*** ချစ်သူနဲ့ ကွေကင်းရတာ
၁၁*** တွေဝေတတ်တာ
၁၂*** ယုံ မှားသံ သယများတာ
၁၃*** ဘေးအန္တရာယ် များတာ
၁၄*** အပယ် လေးဘုံမှာ ဖြစ်ရတာ
( ယောက်ျားဆိုရင်တော့ သူများမယားကို ခိုးယူတဲ့အတွက် မိန်းမ မဟုတ် ယောက်ျားမဟုတ် ဘ၀ကို ရတာ တခုပိုပါတယ်)
ဒါကြောင့် မိမိ ခင်ပွန်း မိမိ မယားမှ လွဲ ၍ သူတပါးမယား သူတပါး ခင်ပွန်း ကို စိတ်နဲ့ တောင် မပြစ်မှားဘဲ ကာမေသု ကံ ကို လုံခြူံစွာ
တသက်တာလုံးထိမ်းသိမ်းပြီး ဘ၀မှာ မိသားစုများနဲ့ ပျော်ရွှင် ချမ်းမြေ့စွာ အဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်ပြီး စိတ်ချမ်းသာစွာဖြင့်
အပြစ်ကင်းလွတ်တဲ့ မိသားစု ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့
အဲ တချိုယောက်ျားတွေရှိပါသေးတယ် အပျော်ရှာတာပေါ့နော် ဘာလဲ ဆိုတော့ ပိုက်ဆံ ပေး ပျော်ပါးတာပါ ဒါဟာလဲ အပြစ်ကြီးပါတယ် သူတို့ကပိုက်ဆံ ယူတာဘဲ ငါတို့ကလဲ ပိုက်ဆံပေးတာဘဲ ပေါ့ မှားပါတယ် မိန်းမဆိုရင် သူများမယားမှ မဟုတ်ပါဘူး မိဘ အုပ်ထိမ်းသူ လက်က မလွတ်သေးတာလဲ ကျူးလွန်မူ့ အပြစ်က တော့ အတူတူ ခံရမှာပါဘဲ
နောင်များ ကြုံတော့ ဒု ၊ သ၊ န၊ သော ဆိုတဲ့ သူဌေးသားလေးယောက်အကြောင်းကို တင်ပြပေးပါ့မယ်
သူတို့ ခမျှာ အဲလို ငွေပေး ပျော်ပါးခဲ့လို့ ခုချိန်ထိ ( လောဟကုမ္ဘီငရဲ ) လို့ခေါ်တဲ့ သံရည်ပူ ငရဲ ကနေ မလွတ်သေးပါဘူး
အဲ ငရဲ က အောက်ခြေ ကနေ အနှစ် ( ခြောက်သောင်းရှိ) မှ တခါ ပေါ်ပြီး အပေါ် ကနေ အောက်ခြေ ပြန်ေ၇ာက်ဘို့ အနှစ် ( ခြောက်သောင်း ) ကြာပါတယ် အသွားအပြန် အနှစ် ( တသိန်း နှစ်သောင်း) ကြာမှ တခေါက်ဘဲ ရှိပါသေးတယ် အဲလိုဘ၀မျိုး ဘယ်လောက်ကြာအောင်များမှ လွတ်ပါ့မလဲ မသိနော် ဘုရားရှင်မှ အပ မသိ နိုင်ပါဘူး
ငရဲ ဟာ ဘယ်လောက်တောင် ပူပြင်းပြီိး ကြောက်စရာ ကောင်းတယ်ဆိုတာ သိစေချင်တဲ့ စေတနာပါ လွတ်လမ်းလဲ မရှိပါဘူး လုပ်ကြတုံးကတော့ ခဏ သာယာမူ့လေး
ကို မတ်မောတွယ်တာပြီး မေ့ရော့စွာ ပြူမူလိုက်တာပါ သတိတရားလေး တခု မပြူမိလိုက်တာနဲ့ အပယ်ကိုသွားနိုင်တယ်ဆိုတာသိစေချင်တယ်
ဧဒင်ဥယျာဉ်မှတော်ဝင်နှင်းဆီဘလော့ကိုခံစားတင်ပြသည်။
No comments:
Post a Comment