Sunday, May 12, 2013

********* စိတ် *********

စိတ်လို့ဆိုလိုက်တာနဲ့ကိုယ့်ရဲ့ကိုယ့်တွင်းကိုယ့်ပမှာဖြစ်နေတဲ့ သိမူ့ရောမသိမူ့ရော အဆိုးအကောင်း
အားလုံးကို သိနေအောင် ကိုယ့်ရဲ့စိတ်ကလေး ကအမြဲဦးဆောင်နေတဲ့ အရာကစိတ်ပါ။
ဒါကြောင့် ဒီစိတ်လေးကို လက်လွတ်စပါယ်မထားပဲ စောင့်ကြည့်နေသင့်တယ်။ ကိုယ့်စိတ်လေးက ချမ်း
သာနေလား ဆင်းရဲနေလား အပြုသဘောအကောင်းတွေ ရှိနေလား အဖျက်သဘောအဆိုးသဘောတွေ
ရှိနေလား ဆိုတာ စစ်ဆေးသင့်တယ်။

အရာရာကို စိတ် က ဦးဆောင်နေတာဖြစ်လို့ စိတ်ကောင်းမှအလုပ်ကောင်းလုပ်နိုင်ပါတယ်။
အလုပ်ကောင်းမှ အကျိုးကောင်းတွေဖြစ်ထွန်းနိုင်ပါတယ် ။ စိတ်မကောင်းနေရင် အကျိုးမကောင်းတဲ့
အတွက် သာယာမူ့ပျော်ရွင်မူ့ ကြည်နူးမူ့ အေးချမ်းမူ့ မရှိနိုင်တော့ဘူးလေ။
ကိုယ့်စိတ်မှာဘာတွေခံစားနေရလည်း စိတ်ကဘာတွေဆုံးဖြတ်နေလည်း ဘ၀နဲ့လိုက်လျောညီ
ထွေရှိရဲ့လား ကိုယ့်အလုပ်ကို အထောက်အကူပြုတဲ့စိတ်လေးရှိပါရဲ့လား။ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ့်
ပန်းတိုင် ကိုယ့်စိတ်နဲ့ကိုယ့်ဟာ သယံဇာတ ဖြစ်နေရဲ့လား ဆိုတာ စစ်ဆေးသင့်တယ်လေ။
စိတ်ဆိုတဲ့ စိတ်ကလေးက များသောအားဖြင့် မကောင်းမူ့မှာပဲ မွေ့လျော်တတ်တဲ့အမျိုးလေ။
ပစ္စုပ္ပ္ပန် တည့်တည့်မှာရော အတိပ်မှာရော အနာဂါတ်မှာရေ သူမရောက်တဲ့ နေရာတခုမှ မရှိဘူး။
လောကီ အလိုနဲ့ ကိုယ့်တို့ကြည့် ကြည့်ရအောင်လား။ စိတ်ကလေးကလေ ပျော်ရမဲ့နေရာ သီချင်းကြိုက်
တဲ့သူ သီချင်း ပွဲကြိုက်သူက ပွဲ ရုပ်ရှင်ကြိုက်သူက ရုပ်ရှင် လိမ်ညာတာကို ကြိုက်တဲ့သူလိမ်ညာတဲ့ဆီ
အသောက်အစားကြိုက်သူက အသောက်အစား အင်တာနက်နှစ်သက်သူကလည်း အခွဲနိုင်မခွါရက်
စကားပြောချင်တဲ့စကားပြော လို့ အပျော်အပါး မက်သူကလည်းအပျော်အပါးပေါ့ ကောင်းတာကြိုက်
ကောင်းတာစားချင်သူကလည်းစားလို့ပေါ့ ပြောလို့မဆုံးပါဘူး ဒီစိတ်လေးမွေ့လျော်နေတာကလေ ။
အဲဒီအချိန်မှာများ တရားထိုင်ခိုင်း တ၇ာနာခိုင်း ဘုရားဝတ်တတ်ခိုင်းကြည့်ပါလား ။ ဘယ်လုပ်
ချင်လိမ့်မလည်းနော် စိတ်ကိုက မကောင်းတဲ့ဆီမှာမွေ့လျော်နေတယ်လေ။ လောကုတ္တရာအလိုနဲ့ဆိုရင်
တော့ ဒီစိတ်တွေက စိတ်ဆိုးစိတ်ယုတ်တွေနော် ။ ကုသိုလ်ကောင်းမူ့တွေကိုမေ့လျော့စေတတ် သာယာ
နှစ်သက်မူ့ မဖြစ်အောင်ကို ဆိုးတယ်။
ဒါကြောင့် မိမိရဲ့ စိတ်လေးကို သတိလေးကပ်ပြီး ထိမ်းချုပ်ပါ။ အထူးသဖြင့်
(၀ိက္ခိတ္တ) စိတ် လေးက ပျံ့လွင့်နေတဲ့စိတ်လေးပေါ့။စိတ်ကလေးကလေ ကောင်းတဲ့အလုပ်ဖြစ်တဲ့
တရားထိုင်ခြင်းအလုပ်ကလေးလုပ်ကြည့်ပါလား။ ပုံမှန်ကသွားလာလူပ်ရှားနေတော့မသိသာဘူး။
အမြဲပျံ့နေတာကိုး။ ငြိမ်တဲ့အလုပ်လေးလည်းလုပ်ရော စိတ်ကလေး ဟိုပြေးလိုက်ဒီပြေးလိုက်ဟိုေ၇ာက်
လိုက် ဒီရောက်လိုက်ပေါ့။ အိမ်ေ၇ာက်ကျောင်းေ၇ာက် ချစ်သူဆီရောက် ခင်ပွန်း မိန်းမ သားဆီ သမီးဆီ
မိဘဆီ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်း တွယ်တာ မိရာ အကုန်ပျံ့လွင့်နေတယ်လေ ။
တရားဓမ္မကိုအားထုတ်နေတဲ့ ပုဂ္ဂိုလ် ဆိုရင်တော့ စိတ်ကလေးကို ပျံ့နေရင်ပျံ့နေတယ် တွေးနေရင်
တွေးနေတယ် ပျော်နေရင်ပျော်နေတယ် ၀မ်းနည်းနေရင်ဝမ်းနည်းတယ် အစရှိသည် ကိုယ့်ရဲ့အဇ္ဈတ္တမှာ
ပေါ် နေသလို လိုက်မှတ်ပေးနေယုံပေါ့ ။ သတ္တ၀ါ အများစုရဲ့စိတ်ကလေးက ဘ၀ပေါင်းများစွာထဲကိုက
ဗဟိဒ္ဓ္ဓအာရုံ တွေမှာပဲ ကျတ်စားလာခဲ့တာဆိုတော့ အဇ္ဈတ္တ မှာများနေရာလေးချပြီး တရားရူ့ခိုင်းကြည့်
ပါလား မနေနိုင်မထိုင်နိုင် လူးလွန့်ပြီးတော့ေ၇ထဲက ငါး ကို ကုန်းပါတ်ပေါ် တင်ပေးလိုက်သလို
ထွန့်ထွန့်ကိုလူးပြီး အငြိမ် မနေတော့ဘူး။
စိတ်ကလေ အတိပ်ကအကြောင်းပေါ်မှာလည်း ပျံ့လွင့်နေတယ် အနာဂတ်အကြောင်းအရာတွေ
မှာလည်း ပျံ့လွင့်တတ်တယ် မျော်လင့်တောင်းတမူ့တွေ နာကျင်မူ့တွေ
ပျော်ရွင်မူ့တွေမှာသာယာစီးမျောပြီး အမျိုးမျိုးသောအကြောင်းများနဲ့ပျံ့နေတတ်တယ်။ဗဟိဒ္ဓ္ဓအာရုံ ထဲမှာ
ကာမဂုဏ် အာရုံတွေထဲမှာကျတ်စားကျင်လီခဲ့ပါများနေတဲ့စိတ်ကလေး ဟာ အဇ္ဈတ္တ မှာ ကြာကြာမပျော်
ပိုက်နိုင်ဘူး မနေနိုင်ဘူးပေါ့။
မဟာသတိပဌာနသုတ္တန် စိတ္တာနုပဿနာသတိပဌာန်ပိုင်းမှာ ၀ိက္ခိတ္တံ ၀ါ စိတ္တံ ၀ိက္ခိတ္တံ စိတ္တန္တိ
ပဇာနာတိ လို့ ပျံ့လွင့်နေတဲ့စိတ်ကို ရူ့မှတ်နည်း မြတ်စွာဘုရားကဟောထားပါတယ်.ပျံ့လွင့်နေတဲ့
စိတ်ကို ပျံ့လွင့်နေတဲ့စိတ်လို့ သိရမယ် ဆိုလိုပါတယ်။
စိတ်ကလေးရေ မင်းပြေးချင်တဲ့ နေရာပြေး မင်းပြေးသလောက် မင်းပြေးရင် မင်းဘေးကလိုက်ခဲ့
မယ် လို့ မပြောသော်လည်း ပြောနေသကဲ့သို့ ပြေးနေတဲ့ စိတ်နောက်ကို သတိဥာဏ်က ကပ်ပြီး
လိုက်ရူ့ လိုက်သိနေ၇မယ်။ ဘာစိတ်ပဲဖြစ်ဖြစ် ဖြစ်နေတဲ့စိတ်ကို သတိနဲ့ကပ်ပြီး ဥာဏ်နဲ့သိနေတာကို
စိတ်တာနုပဿနာ လို့ခေါ်ပါတယ်။
လောကီအလုပ်ကို လုပ်နေတဲ့အချိန်မှာလည်း အော်ငါ့စိတ်လေးက ဘာကိုကြံစည်နေသလည်း
ဘာကိုတွေးနေလည်း ကိုယ့်လုပ်နေတွေးနေတဲ့ အရာတွေက ကောင်းလားဆိုးလားဆို တာ တွေးနေတဲ့
ကိုယ့်ကလွဲပြီးဘယ်သူမှမသိနိုင်ပါဘူး။ ဒါကြောင့်လည်း ကိုယ်တွေးခေါ်ကြံစည်ပြောဆိုနေတာတွေဟာ
ကောင်းလားဆိုလားဆိုတာ စီစစ်ပါ လေ့လာပါ ပြုပြင်ပါ။ မကောင်းမူ့ဖြစ်နေရင် သတိလေးနဲကပ်ပြီး
ငါလုပ်တာမကောင်းပါလားငါတွေးတာမကောင်းပါလား ငါပြောတာမကောင်းပါဘာလား ဆိုတာကို ဥာဏ်
လေးနဲ့သိပေးပါ။
ဒီလိုသိမူ့လေးတွေများလာရင် ပျံ့နေတဲ့စိတ်ကလေးက မကောင်းမူ့မှာမမွေ့လျော်
ချင်တော့ဘူး မလုပ်ချင်တော့ဘူး မပြောချင်တော့ဘူးပေါ့ ။လက်တွေ့ကျကျလုပ်ပါလေ့လာကြည့်ပါ။
ရေများရင်ရေကနိုင်သလို မီးများမီးနိုင်သလိုပါပဲ သတိထားပါ့များလာရင် ဥာဏ်ကလည်းနောက်က ကပ်
ပါနေရင် မကောင်းတာလုပ်နေမိတောင် သတိနဲ့ဥာဏ်က ပြုပြင်ပေးနေတာ့ဆိုတော့
ကိုယ့်စိတ်ကလုပ်ချင်နေတာတောင် မကောင်းတာဆို မလုပ်ဖို့တားမြစ်သူရှိနေသလို မလုပ်ဖြစ်တော့ပါ
ဘူး ။ ဒီလိုမကောင်းမူ့မှာမမွေ့လျော်တော့ဘူးဆိုရင် ကိုယ်ဘာလုပ်လုပ်ကောင်းတာတွေ
ပဲဖြစ်လာတော့တယ် ။
အဲလိုသာမဟုတ်ပဲ ပျံ့လွင့်နေတဲ့စိတ်ကို အချိန်မီ ထိန်းသိမ်းပြီး မရူ့မှတ်နိုင် ဘဲဒီအတိုင်းမျောပြီး
လွင့်နေမယ်ဆိုရင် စိတ်မသက်သာမူ့ စိတ်ပင်ပန်းဆင်းရဲ့မူ့ ပျံ့လွင့်နေတဲ့စိတ်ရဲ့လှည့်စားခိုင်းစေမူ့
အတိုင်း အပြောမှား တွေကိုပြောမိ ပြုမိတတ်ပါတယ်။
ဒါကြောင့် လူဘ၀ဖြစ်တည်ခိုက်လေးမှာ စိတ်ဆိုးစိတ်ယုတ်တွေကို အသိသတိဆိုတဲ့ ဥာဏ်လေးနဲ့ကပ်
ပြီး မိမိနေ့စဉ် ပြုမူလုပ်၇ှားမူ့တိုင်းကို လေ့လာစီစစ်ပြီး ကောင်းမြတ်သောစိတ်ဆန္ဒ
များနဲ့လောကရေးရာ မှာပဲဖြစ်ဖြစ် ဓမ္မရေးရာမှာဖြစ်ဖြစ် မိမိရဲ့ ကိုယ့် နုတ် စိတ် အလုပ်တွေကို
အမြဲမပြတ် စစ်ဆေးနေခြင်းဟာ လောကရဲ့ကြီးပွားတိုးတတ်ကြောင်းဖြစ်လို့ သည်စိတ် သည်ဆန္ဒတွေကို
အမြဲတစေမဟုတ်တောင် လုပ်မိတိုင်းပြုမိတိုင်း မှာ စိတ်မှာဖြစ်တည်နေတဲ့ စိတ် တွေကို စီစစ်နိုင်တဲ့
လောကလူသားများအဖြစ်......................................
ဧဒင်ဥယျာဉ်မှတော်ဝင်နှင်းဆီဘလော့ကိုခံစားတင်ပြသည်။

No comments:

Post a Comment