ကမ္ဘာပေါ် မှာလူဦးရေ သန်းပေါင်း ( ၆၀၀၀ ) ကျော်လောက်ရှိနေသားနဲ့ ဘာလို့ဆင်းရဲ့တဲ့သူတွေများနေရတာလည်း
များမှာပေါ့ ရှေးရှေးပြုဘူးသောကံကလည်းပါမလာ လက်ရှိမျက်မှောက် ပစ္စက္ခ ဘ၀မှာလည်း ကုသိုလ်ကောင်းမူ့
ကမရှိ ကံဥာဏ်ဝီရိယကလည်းမပါ အပျော်အပါးများနဲ့သာ အချိန်ကုန်ခံပြီး ဘ၀အမောများကို ဖြေဖျောက်နေ
သူကများနေတယ်လေ။
ဒီလိုဘ၀အမောတွေကို ဘာသာတရားနဲ့ထိန်းချုပ် ကောင်းမူ့တွေလုပ်ကြည့်ပါလား။ လက်ငင်းချက်ခြင်းအကျိုး
မပေးအုံးတော့ သံသရာ ရထားကြီးကတော့ ခုတ်မောင်းနေမြဲသွားနေမြဲပါလေ။ တို့ များက ခနတာလေး လူဘဝ
ဆိုတဲ့ ဘူတာထဲကို ခနလေးရောက်ခိုဝင်နေကြတာပါ။ အချိန်တန်ရင် ပြန်လည်ထွက်ခွါ သွားကြရတော့မယ်လေ။
ဒီလိုလူ့ဘ၀ဆိုတဲ့ ဘူတာ ကြီးကနေမထွက်ခွါမှီလေးမှာ သံသရာ ရထား ကြီးနဲ့ ( ၃၁ ) ဘုံအပါအ၀င် နိဗ္ဗာန်
ခရီးထိ လိုက်မလား ကြားဘူတာတွေမှာ ဆင်းချင်သေလား။ ကိုယ့်ဟာကိုယ့်စေ့စေ့လေးတွေး ရေးေ၇းလေးတော့
မြင်စေချင်တယ်နော်။လိုရာခရီးသွားနိုင်ဘို့အတွက် တို့ များက မျက်မှောက် လူဘ၀ ဆိုတဲ့ဘူတာ မှာေ၇ာက်ရှိနေ
တယ်နော်။
နိဗ္ဗာန်မရောက်ခ ( ၃၁ ) ဘုံမှာကျင်လီကျက်စားနေကြသူတွေက အများသားကလား။ ဗြဟ္မာနှစ်ဆယ် ၊
နတ်ပြည့်ခြောက်ထပ် ၊ အပါယ်လေးဘုံ ၊ လူပြည်တစ်ဘုံ တဲ့
လူသားတွေမြင်နိုင်တာက တိရစ္ဆာန် ဘုံနဲ့လူဘုံပါ အဲဒီထဲမှာမှ ဒါန သီလ ဘာဝနာ တရာတွေကို ပြုလုပ်နိုင်တာ
လူ့ဘုံတစ်ခုပဲရှိပါတယ်။
နေ့စဉ်အမျှ လောဘ ဒေါသ မောဟ တရားတွေနဲ့ မီး ( ၁၁ ) ပါးကို နေ့စဉ်အလောင်ခံပြီးတော့ ရှာနေလိုက်ကြ
တဲ့ မက်မက်မောမော ငွေတွေက ဘယ်ဘုံမှာ မှသုံးစားလို့မရပါဘူး။
အထက်ဘုံအောက်ဘုံသွားဖို့အတွက်လူ့ဘုံ
က ကူထောက်ပေးနေတာပါ။ လူဘ၀မှာအဆင့်မြင့်မြင့်နေဖို့စားဖို့သွားဖို့ အတွက်ငွေက အသုံးဝင်သလို သံသရာ
ခရီး ကိုထွက်ခွါချိန်မှာလည်း လူဘုံကအရေးကြီးဆုံးပါ။
ဘာလို့လည်း .............ကိုယ့်တို့ လူ့ဘ၀မှာ ကိုယ့်ကျင့်တရားကောင်းစွာေ၇ာ မကောင်းစွာရော ရှာဖွေစု
ဆောင်းထားတဲ့ ငွေကြေးဂုဏ်သိဏ် တွေက မကူညီနိုင်လို့ပါ။ ကိုယ့်တို့ ခုချက်ခြင်း သေကြည့်ပါလား။
ဒီငွေတွေကို ကိုယ့်တို့ ယူမသွားနိုင်ပါဘူး အရာအားလုံးထားပြီး ထွက်ခွါသွားရမှာပါ။ မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်
အကုသိုလ် ဆိုတဲ့ ရိက္ခာထုပ်တွေကသာ ကျန်သောဘုံဘ၀တွေ အတွက် အသုံးဝင်မှာပါ။
ဒီလိုနောင်ဘ၀ကိုရော ကုသိုလ် အကုသိုလ် ကိုရော မယုံကြည်သူများအတွက် စဉ်းစားခိုင်းလိုက်မယ်လေ။
တွေးကြည့်လိုက်စမ်းပါနော် ဘာသာလူမျိုးတိုင်းမှာ ဒါန တရားဆိုတာရှိပါတယ်။
ဒါဆိုရင် မယုံကြည်သူများစဉ်းစားပါ ဘာလို့လူသားတွေကြီးဖြစ်ပါလျက် ဆင်းရဲ ချမ်းသာ ကွာခြားတာလည်း
အသားအေ၇ာင် ရုပ်ရည်ရူပကာ ဘာလို့မတူကြတာလည်း ငတ်ပြတ်သေနေတဲ့ နိုင်ငံတွေ အသေဆိုးနဲ့သေနေတဲ့
နိုင်ငံ တွေ ကိုတွေ့မြင်နေတာပဲလေ။
ဘာလို့ဒီလိုတွေဖြစ်နေရတာလည်း အရာအားလုံး တန်းတူညီမျှကြရမှာပေါ့ ဘာအတွက်ကြောင့် ဘယ်လိုကြောင့်
ကွဲပြားခြားနားရပါသလည်း စာရေးသူကို ပြောပြပေးကြပါလား။
အချိန်မလွန်သေးပါဘူး ............နာနာစဉ်းစားကြပါနော်............လူ့ဘ၀ ရသခိုက်လေးမှာ ကျန်နေသေးတဲ့
အချိန်ကာလ လေးမှာ ငွေ မကုန်ပဲနဲ့ ဒါနကုသိုလ် သီလကုသိုလ် ထက် စက္ကန့်မလပ်အမြဲတန်းကုသိုလ်ထူးကိုလိုချင်
ရင်တော့
မိမိစိတ်ဟာ ဘာဝနာ တရားနဲ့မနေသမျှ လူသားတွေကို မောဟ အကုသိုလ်တွေ ဖုံးလွမ်းနေသမျှရောဂါမျိုးစုံ
ဒုက္ခမျိုးစုံပေးနေမှာပါ။ ဒါကြောင့် မိမိအပါအ၀င် ကမ္ဘာလောကကြီး ရောဂါတွေနဲ့ မနှိပ်စက်စေချင်ရင်
တိရစ္ဆာန်ဘ၀ အရောက်စေချင်ရင် လောဘ မောဟ တွေမဖြစ်စေချင်ရင် ဒါနကုသိုလ် သီလကုသိုလ် ထက်
သာတဲ့ ကုသိုလ်ထူးကိုလိုချင်ရင် ဘာဝနာတရား ကိုသာအမြဲလက်ကိုင်ထားပွားများကြပါ။
ဘာဝနာပွာများတယ်ဆိုတာ အချိန်ပြည့်နီးပါးလုပ်လို့ရပါတယ် ခရီးတခုသွားနေရင်း ထိုင်နေရင်း ချက်ပြုပ်
လျော်ဖွတ်နေရင်း အိပ်စက်နေရင်း ဘာဝနာ တခုခု ကိုပွားများနေရင် အကုသိုလ်စိတ်တွေမ၀င်လာပဲ ကုသိုလ်စိတ်
တွေကြီးဖြစ်နေတယ်လေ။ မတော်လို့ ပွားနေရင်းသေသွားတောင် လူ့ပြည်နတ်ပြည် ကိုစုန်ချည်ဆန်ချည် သွားနိုင်
ပါတယ်။
ဘာဝနာပွားတယ်ဆိုတာ ဘုရားဂုဏ်တော်တွေ တရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများနေတာ မေတ္တာပို့နေတာ
အသုဘ ရူ့နေတာ မရဏဿတိပွားများနေတာ နည်းတွေအများကြီးပါ မိမိစိတ်သန္တန်လေးက မလွတ်တမ်း အာရုံ
အဖန်ဖန်ပွာများြ့ပုပေးနေယုံပါ။
အပါဒါန် ပါဠိတော်ကပြထားတဲ့ဂုဏ်တော်ပွာကျိုးတွေကတော့ဖြစ်ရာ ဘ၀မှာ
သူ့ခန္ဓာကိုယ့်ဟာစေတီထိုက်ပါတယ် အများရှစ်ခိုးခံထိုက်တယ် စိတ်ဓာတ်တည်ကြည်တယ် နတ်ရွာသုဂတိ
ရောက်ရတယ် ဘုရားနဲ့တွေ့ရင် သစ္စာလေးပါးကိုခနလေးနဲ့သိမြင်နိုင်တယ် မြင့်မြတ်တဲ့အမျိုးအနွယ်မှာချည်း
ဖြစ်ရတယ် ပတ်ဝန်းကျင်ရဲ့ရိုသေလေစားမူ့ခံရတယ် အင်္ဂါခြေလက် ပြည့်စုံတဲ့ဘ၀ရောက်ရတယ် အဆင်းလှပ
သူဖြစ်ရတယ် ကိုယ့်တွင်းရနံ့ဟာ ကြိုင်သင်းမွေးကြူနေတတ်တယ် ကြီးမားတဲ့ဥာဏ်ပညာနဲ့ပြည့်စုံတယ်
နတ်နဲ့တဲ့ပညာနဲ့ပြည့်စုံတယ် ထက်မြတ်တဲ့ပညာနဲ့ပြည့်စုံတယ် ရွင်တဲ့ပညာနဲ့လည်းပြည့်စုံတယ် လျှင်မြန်တဲ့
ပညာနဲ့ပြည့်စုံပါတယ် ဆန်းကြယ်တဲ့ပညာနဲ့လည်းပြည့်စုံတယ် ကောင်းမြတ်တဲ့စကားကိုပြောကြားနိုင်တယ် ။
ဒါက သာမန်ပွာရုံလောက်နဲ့ ရနိုင်တဲ့ကုသိုလ်ထူးတွေပါ မိမိတို့စိတ်မှာသဒ္ဒါတရားအားကောင်းရင်ကောင်းသလောက် ထက်သန်ရင်ထက်သန်သလောက် ကောင်းကျိုးများကို
ရရှိခံစားနိုင်ပါတယ် ဒါကြောင့် နေ့စဉ်အမျှကျင်လီနေတဲ့သတ္တလောကကြီးထဲ ရောက်နေသခိုက်လေး ကျန်နေသေး
တဲ့အချိန်လေးမှာ သတိတရားကိုလက်ကိုင်ထားပြီး ဒါန သီလ တရားများထက် အစွမ်းထက်မြတ်တဲ့ ငွေမကုန်ပဲနဲ့
ရနိုင်တဲ့ ကုသိုလ်ပုည ဘာဝနာ တရားများကို အသိ သတိ ဥာဏ်ပညာနဲ့ ဆင်ခြင်ပြီး တနေ့တာအတွက်
ကုသိုလ် ပညာ ဥစ္စာ တရား တခုခုကိုရရှိအောင် နိဗ္ဗာန် နဲ့ နီးနိုင်တဲ့ ဘာဝနာတရားများကို ကြိုးစားအားထုတ်
ဆင်ခြင်နိုင်တဲ့ သူတော်ကောင်းများ အဖြစ်ရည်သန်မျော်ကိုးလျှက်ဧဒင်ဥယာဉ်မှတော်ဝင်နှင်းဆီဘလော့ကိုတဆင့်တင်ပြသည်။
No comments:
Post a Comment