မာန်မာနတွေနဲ့ ပတ်သပ်ပြီးသိစေချင်လို့ ဒီအကြောင်းလေးကို စာရေးသူ တင်ပြပေးတာပါ။ ကိုယ့်တို့
လောက သဘာဝ လူသားတွေဟာ မာန်တွေ မာနတွေနဲ့တုပပြိုင်ဆိုင်နေလိုက်ကြတာ နေ့စဉ်နေ့တိုင်း
အကုသိုလ်မှန်း မသိ ကုသိုလ်မှန်းမသိ နော် ။ ကြောက်စရာကောင်းလောက်အောင် အပါယ်ငရဲကိုတခါ
ထဲပို့ပေးနိုင်တယ်ဆိုတာကို မေ့လျော့ပြီး ပြုမူနေထိုင်နေလိုက်ကြတာ သတိလေးတချက်လွတ်သွားတာ
နဲ့ နိဗ္ဗာန်နဲ့လည်းဝေး မျက်မှောက်ဘ၀ ကုသိုလ်တရားတွေနဲ့လည်းဝေးရမယ်ဆိုတာ သတိမမူမိကြဘူး
ပေါ့ ။
ဒါကြောင့် ခုတင်ပြပေးမဲ့ မာန်တွေကိုသိပြီဆိုရင် ငါကောဘယ်လို မာန်မျိုးတွေထဲပါနေလည်း
ငါဒီလိုများဖြစ်နေလား ငါလုပ်တာဟုတ်ရဲ့လား သိတာနဲ့ ချက်ခြင်းပြောင်းလဲပြစ်နိုင်အောင်ကြိုးစားကြပါ။
တကယ်လို့များမပြောင်းလဲနိုင်သေးဘူးဆိုရင်လည်း ငါတော့ဒီလိုလုပ်တာ ပြောတာမသင့်ပါလား ဆင်ခြင်
အုံးမှ ဆိုတဲ့အသိလေးမွေးပေးကြပါ ။ ငါကချမ်းသာလို့ငါက
ရုပ်ဆင်းရူပါချောလွန်းလို့အမျိုးမြတ်လွန်းလို့ ခေတ်ပေါ် သမျှသုံးနိုင်လို့စိန်ရွှေငွေတွေပေါကြွယ်လွန်းလို့
ဥာဏ်ပညာတွေတတ်လွန်းလို့ ငါမှငါ သူဆင်းရဲကလည်း သူဆင်းရဲ့မာန်မျိုးတွေနဲ့ပေါ့
လောကအလိုပြောမဆုံးပေါင်တောသုံးတောင်ပေါ့ ။ ဘယ်လိုမာန်မျိုးကို မှ မွေးမြူမထားတတ်တာကအ
ကောင်းဆုံးပါ လောကဘ၀ ခုလည်းမကောင်းဘူး မာန်မာနထားတတ်သူကို လူအများက မုန်းကြပါတယ်
နောင်တမလွန်လည်းမကောင်းဘူးအပါယ်ငရဲ ကျတတ်ပါတယ် ။ ဒါလေးတွေကိုသိပြီဆိုရင် ဆင်ခြင်ပြီး
တို့တော့ဘယ်မာန်နဲ့ ငြိနေလည်းဟဲ့ အော်ငါမသေခင်လေး ဦးအောင်ပြင်အုံးမှ ဆင်ခြင်အုံးမှဆိုတဲ့
အသိလေး
တွေဝင်ပြီး ဖော်ပြမဲ့ မာန်မျိုးတွေကနေ ကင်းလွတ်အောင် မသေခင်မှာ မှီအောင်ပြုပြင်ပါ။ သေလွန်သွား
ရင် မတော်ဒီလိုတွေနဲ့များသေလွန်သွားရင် ဘာတခုမှ ကိုယ့်စုထားတခု မပါ ကိုယ့်ပြုသောကံများသာ
သယ်ဆောင်သွားနိုင်တာမို့ လွတ်အောင် အသေမဦးမှီ မာန်ကင်းတဲ့သူတော်ကောင်းများဖြစ်အောင်
အားထုတ်ကြပါ။
မာန်နဲ့ပတ်သက်ပြီးတော့ မာန်တတ်ခြင်း (၃) မျိုး မာန်ထောင်ခြင်း ( ၃ ) မျိုး မာန်ယစ်
ခြင်း ( ၃ ) မျိုးနဲ့ မာန်ယစ်ခြင်း မဒ ( ၂၇ ) ပါးရှိပါတယ် ။ ဒါတွေကတော့
မာန်တက်ခြင်း ( ၃ ) မျိုး ကား ၁။ ဂုဏ် ဇာတ် ပညာ ဥစ္စာ ဂုဏ်သိ၍ အဆင်း
ခြွေရံစသည်အားဖြင့်သူ
တစ်ပါးထက် မြတ်၏ဟု ထောင်လွှားခြင်း သေယျမာန် ၂ ။ ဂုဏ်ဇာတ်ပညာ ဥစ္စာ ဂုဏ်သိ၍ အဆင်းခြွေ
ရံစသည်ဖြင့် သူတစ်ပါးနှင့် တူမျှ၏ဟု ထောင်လွှားခြင်း သဒိသမာန် ၃ ။ ဂုဏ် ဇာတ် ပညာဥစ္စာ ဂုဏ်သိ
၍ အဆင်းခြွေရံ စသည်အားဖြင့် သူတစ်ပါးအောက် နိမ့်ကျသော်လည်း မည်သူမျှ အရေးမစိုက် ထောင်
လွှားခြင်း ဟီနမာန် ။
မာန်ထောင်ခြင်း ( ၃ ) ကား ၁။ ငါသည် ဆန္ဒထက်မြတ်၏ဟု မာန်ထောင်ခြင်း သေယျဝိဓ မာန်
၂။ ငါသည် သင်နှင့်တူ၏ဟု မာန်ထောင်ခြင်း သဒိသ၀ိဓ မာန် ၃။ ငါသည် သင့်အောက် ယုတ်၏ဟု
မာန်ထောင်ခြင်း ဟီန၀ိဓ မာန် ။
မာန်ယစ်ခြင်း ( ၃ ) ကား ၁။ အရွယ် နုပျိုခြင်း ကိုစွဲ၍ ဖြစ်သော မာန်ယစ်ခြင်း ၂။ ရောဂါကင်းခြင်း
ကိုစွဲ၍ မာန်ယစ်ခြင်း ၃။ အသက်ရှည်ခြင်းကိုစွဲ၍ ဖြစ်သော မာန်ယစ်ခြင်း ။
မာန်ယစ်ခြင်း မဒ ( ၂၇ ) ပါး ကား ၁။ အမျိုးဇာတ်ကိုစွဲ၍ မာန်ယစ်ခြင်း ဇာတိမဒ ၂။ အနွယ်ကိုစွဲ၍
မာန်ယစ်ခြင်း ဂေါတ္တ မဒ ၃။ ကျန်းမာခြင်းကိုစွဲ၍ မာန်ယစ်ခြင်း အာရောဂျ မဒ ၄။ အရွယ်နုပျိုခြင်းကိုစွဲ
၍ မာန်ယစ်ခြင်း ယောဗ္ဗန မဒ ၅။ အသက်ရှည်ခြင်းကိုစွဲ၍ မာန်ယစ်ခြင်း ဇိဝိတ မဒ ၆။ ပစ္စည်းဥစ္စာ
ရရှိခြင်းကိုစွဲ၍ မာန်ယစ်ခြင်း လာဘ မဒ ၇။ ကောင်းစွာပြုစုခံရခြင်းကိုစွဲ၍ မာန်ယစ်ခြင်း သက္ကာ၇ မဒ
၈။ အလေးဂရုပြု ခံရခြင်းကိုစွဲ၍ မာန်ယစ်ခြင်း ဂရုကာရ မဒ ၉။ ရှေ့သွားပြုခြင်းကိုစွဲ၍ မာန်ယစ်ခြင်း
ပုရေက္ခာရ မဒ ၁၀။ အခြံအရံ ကိုစွဲ၍ မာန်ယစ်ခြင်း ပရိဝါဒ မဒ ၁၁။ စည်းစိမ်ဥစ္စာကိုစွဲ၍ မာန်ယစ်ခြင်း
ဘောဂ မဒ ၁၂။ အဆင်းကို စွဲ၍ မာန်ယစ်ခြင်း ၀ဏ္ဏ မဒ ၁၃။ အကြားအမြင်ကိုစွဲ၍ မာန်ယစ်ခြင်း
သုတ မဒ ၁၄။ ဥာဏ်ပညာကို စွဲ၍ မာန်ယစ်ခြင်း ပဋိဘာန မဒ ၁၅ ။ ညဥ့်အပိုင်းအခြားကိုသိခြင်း ၀ါကြီး
ခြင်းကိုစွဲ၍ မာန်ယစ်ခြင်း ရတ္တညု မဒ ၁၆။ ပိဏ္ဍပါတ် ဓုတင်ဆောင်ခြင်းကိုစွဲ၍ မာန်ယစ်ခြင်း
ပဏ္ဍပါတိက မဒ ၁၇ ။ မထီမဲ့မြင် မအောက်မေ့စေလိုခြင်းကို စွဲ၍ မာန်ယစ်ခြင်း အန၀ညတ္တ မဒ
၁၈။ ရပ်ခြင်း ထိုင်ခြင်းစသော ဏ္ဏရိယာပုတ်ကို စွဲ၍ မာန်ယစ်ခြင်း ဏ္ဏရိယာပထ မဒ ၁၉ ။
တန်ခိုးနှင့်ပြည့်စုံခြင်းကို စွဲ၍ မာန်ယစ်ခြင်း ဏ္ဏဒ္ဓ မဒ ၂၀။ အကျော်အစောကိုစွဲ၍ မာန်ယစ်ခြင်း
ယသ မဒ ၂၁။ သီလကိုစွဲ၍ မာန်ယစ်ခြင်း သီလ မဒ ၂၂။ ဈာန်ကိုစွဲ၍ မာန်ယစ်ခြင်း ဈာန မဒ
၂၃။ အတတ်ပညာကို စွဲ၍ မာန်ယစ်ခြင်း သိပ္ပ မဒ ၂၄။ အရပ်အမောင်းကိုစွဲ၍ မာန်ယစ်ခြင်း အာရောဟ
မဒ ၂၅။ ကိုယ်လုံးကိုယ်ပေါက်ကိုစွဲ၍ မာန်ယစ်ခြင်း ပရိဏာဟ မဒ ၂၆။ ကိုယ်ပုံသဏ္ဍန်ကိုစွဲ၍ မာန်ယစ်
ခြင်း သဏ္ဍန မဒ ၂၇။ ကိုယ်အင်္ဂါ ကြီးငယ် စုံလင်သည်ကိုစွဲ၍ မာန်ယစ်ခြင်း ပါရိပုရိ မဒ သည်ဖြင့်
မာန်ယစ်ခြင်း အများ ရှိ၏။
ရဟန်းလည်း ရဟန်း လူလည်းလူ ယောဂီလည်းယောဂီ ပုထုဇဉ်တွေများပါတယ် ။ လူဘဝ
လေးရခိုက် ခဏ တာလေးမှာ အကျိုး၇ှိစွာ ကျင့်ကြံနေထိုင်ကြမယ်ဆိုရင် တစ်ဖတ်သားနဲ့တဖတ်သား
နာခံနိုင်စရာ ချစ်နိုင်စရာ တွယ်တာနှောင်ဖွဲ့စွာနဲ့ ပျော်ရွင်ချမ်းမြေ့ဖွယ် လူလောက လူဘ၀ကို အမှန်
တကယ် ပိုင်ဆိုင်စေမှာမလွဲပါ။ တဦးနဲ့တဦး မထားအပ် တဲ့မာန်မာနတွေကို ခ၀ါချပြီး လူလည်းချစ်
နတ်လည်းချစ်တဲ့သူတော်ကောင်းတရား တွေနဲ့ပြည့်စုံတဲ့ ဘ၀သစ်တွေကို ပိုင်ဆိုင်ပြီး မာန် မာနကင်း
တဲ့ လူသားများ အဖြစ်သို့ ......။
(ဧဒင်ဥယျာဉ်မှတော်ဝင်နှင်းဆီ၏အမျိုးမျိုးသော(မာန်)များကိုပြန်လည်တင်ပြပါသည်)
http://www.edinooyin.com/
No comments:
Post a Comment